Thursday, January 7, 2016

"သူမကြောင့်"



Lutaw Lupyaw

"သူမကြောင့်"

သူမကြောင့်ပဲ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး လူသားတစ်ယောက် ဖြစ်ခဲ့ဘူးတယ်။ သူမအပြုံး တစ်ခုတည်းနဲ့ပါ။

သူမကြောင့်ပဲ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး လူတစ်ယောက်လို ခံစားရဖူးတယ်။ သူ့စကားလေး တစ်ခွန်းတည်းနဲ့ပါ။

သူမကြောင့်ပဲ ကျွန်တော်ဟာ လောကကြီးကို ရင်ဆိုင်နိုင်တယ်လို့ ယုံကြည်မှုတွေ လွန်ကဲဘူးတယ်။ သူ့လက်လေးကို ဆုပ်ကိုင်ခွင့် ရခဲ့တဲ့အချိန်ကပါ။

သူမကြောင့်ပဲ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အနုံချာ၊ အစုတ်ပြတ်ဆုံး လူတစ်ယောက်လို ခံစားရဘူးတယ်။ သူ့မျက်နှာထား တစ်ခုတည်းနဲ့ပါပဲ။

သူမကြောင့်ပဲ ကျွန်တော်ဟာ ကမ္ဘာပေါ်ကနေ ရေခိုးရေငွေ့အဖြစ်၊ အမှုန်အမွှား အငွေ့အသက်အဖြစ် ပျောက်ကွယ်သွားချင်ခဲ့ဘူးတယ်။ သူ့အကြည့် တစ်ချက်တည်းနဲ့ပါ။

သူမကြောင့် ကျွန်တော့ဘ၀ အနာဂါတ်အတွက် ငိုကြွေး မြည်တမ်းခဲ့ဘူးတယ်။ သူ့တွဲလက်တွေ အေးစက်ခဲ့ချိန်တုန်းကပါ။

သူမကြောင့်ပဲ ကျွန်တော့ဘ၀ ရည်ရွယ်ချက်မရှိ လမ်းပျောက်သွားခဲ့တယ်။ သူ့လမ်းခွဲစကားလေး တစ်ခွန်းကြောင့်ပါ။

ချစ်သူ……
အချစ်ဆိုတာ ငါ့အတွက်တော့ ခံစားချက်ပေါင်းများစွာနဲ့ ဖွဲ့တည်ထားတဲ့ သက်မဲ့အရာတစ်ခု။ သူမကတော့ ချစ်တတ်အောင် ခံစားတတ်အောင် သင်ပေးခဲ့တဲ့ သက်ရှိအရာတစ်ခု။ ဘာပဲဖြစ်ဖြစ် ငါချစ်တတ်ခဲ့ပြီ တနည်း လူပီသခဲ့ပြီ။ အချစ်ကို ချစ်နေဖို့ပဲ ငါ သင်ယူခဲ့ပြီ။

Credit: moekhar



Lutaw Lupyaw

No comments:

Post a Comment