
Lutaw Lupyaw
"စိတ်ထိခိုက်ဖွယ် ကောင်လေးတစ်ဦးရဲ့ ကမ္ဘာကျော် ဘောလုံးသမားအား ထောက်ခံအားပေးပုံ"
ဒီတစ်ပတ် လူမှုမီဒီယာပေါ် ပျံ့နှံ့နေသွားတဲ့ ဓာတ်ပုံကတော့ ပလစ်စတစ်အိတ်တစ်လုံးဖြင့် လုပ်ထားတဲ့ အာဂျင်တီးနား ကစားသမား မက်စီရဲ့ အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားတဲ့ ကောင်လေးတစ်ဦးရဲ့ ဓာတ်ပုံပဲ ဖြစ်ပါတယ်။
ယင်းဓာတ်ပုံဟာ အတည်ပြုချက် မရှိသေးပေမယ့် အီရိတ်နိုင်ငံ ဒိုဟုပ်ခ် စစ်ဘေးသင့် ဒေသမှ ဖြစ်ကြောင်း အခိုင်အမာ ဆိုထားပါတယ်။
သို့သော် ဒီဓာတ်ပုံက တစ်ကမ္ဘာလုံးရှိ ဘောလုံးပရိတ်သတ်များအပေါ် စာနာစိတ်ကို နိုးဆွပေးခဲ့ပြီး ကောင်လေးကို မရရအောင် ခြေရာခံလိုက်ရှာပြီး မက်စီရဲ့ ဘောလုံးအင်္ကျီအစစ်ကို လက်ဆောင်ပေးအပ်ဖို့ ကြိုးပမ်းနေကြပါတယ်။
အကောင့်တစ်ခုတွင် ဒီလိုတောင် ဖော်ပြထားပါတယ်။ ကစားသမားအနေနဲ့ ဒီဓာတ်ပုံကို မြင်တွေ့ပြီလားဆိုတာ အတည်ပြောဆို မထားသေးပေမယ့် ကောင်လေးကို လိုက်ရှာဖို့ ကြိုးစားနေတဲ့ မက်စီရဲ့လူများနဲ့ အဆက်အသွယ် ရရှိထားကြောင်း ဆိုပါတယ်။
Ref: Metro
Credit: Trend Myanmar

Wednesday, January 20, 2016
"စိတ်ထိခိုက်ဖွယ် ကောင်လေးတစ်ဦးရဲ့ ကမ္ဘာကျော် ဘောလုံးသမားအား ထောက်ခံအားပေးပုံ"
Labels:
နိုင်ငံတကာသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment