Friday, January 29, 2016

"လေယာဉ်မယ်လို ပြုံးတတ်အောင် ဘယ်လိုကျင့်မလဲ"



Lutaw Lupyaw

"လေယာဉ်မယ်လို ပြုံးတတ်အောင် ဘယ်လိုကျင့်မလဲ"

တည်ငြိမ်တဲ့ ကိုယ်နေဟန်ထားနဲ့ အမြဲတမ်း လှပတဲ့ အပြုံးတစ်စုံရဖို့ တရုတ်နိုင်ငံက လေယာဉ်မယ်တွေရဲ့ လေ့ကျင့်ပုံတွေကို Daily Mail က ဖော်ပြခဲ့ပါတယ်။

တူတစ်ချောင်းစီ ပါးစပ်မှာကိုက်ထားပြီး ပြည့်စုံတဲ့ အပြုံးတစ်ခုဖြစ်လာဖို့ လေ့ကျင့်ကြရတာဖြစ်ပြီး တည်ငြိမ်တဲ့ ကိုယ်နေဟန်ထား ရဖို့အတွက် ခေါင်းမှာ စာအုပ်တစ်အုပ်စီ တင်ထားပါတယ်။ ဒူးခေါင်းနှစ်ဖက်ကြားထဲ A4 စာရွက် တစ်ရွက်စီ ညှပ်ထားရပြီး ပြုတ်ကျလို့ မရပါဘူး။ တရုတ်နိုင်ငံ Chengdu မြို့ လေကြောင်း အလုပ်အကိုင်ဆိုင်ရာ လေ့ကျင့်ရေးကော်လိပ်ရဲ့ ကျောင်းသူတွေဖြစ်ပြီး မကြာခင် လာတော့မယ့် စာမေးပွဲအတွက် လေ့ကျင့်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

Photos & Source: Daily Mail

Credit: duwun










No comments:

Post a Comment