Lutaw Lupyaw
"သင်အခင်ရဆုံး သူငယ်ချင်းက သင်နဲ့ စိတ်တူကိုယ်တူ အမြဲရှိမယ့် သူငယ်ချင်းမျိုးလားဆိုတာ ဒီအချက်တွေက ပြောပြပေးနိုင်"
ဘ၀မှာ ကိုယ့်အပေါ် နားလည်တဲ့၊ ကိုယ်နဲ့ စိတ်တူကိုယ်တူရှိတဲ့ အပေါင်းအသင်း၊ သူငယ်ချင်းအစစ် ရဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်။ သာပေါင်းညာစားတွေများတဲ့ ဒီလိုခေတ်ကြီးထဲမှာ သင့်ဘေးက သူငယ်ချင်းဟာ တကယ်ပဲ သင်ခင်သလို၊ သင်ချစ်သလို သင့်ကို ချစ်ရဲ့လား၊ သင်ကရော သူ့အတွက် တကယ့်သူငယ်ချင်း အစစ်အမှန်လားဆိုတာ ဒီအချက်လေးတွေက ဖော်ထုတ်ပေးနိုင်ပါတယ်။
၁။ သင်တို့နှစ်ဦးဟာ တစ်ဦးကိုတစ်ဦး အမြဲ ချီးမွမ်းတတ်ကြတယ်။ နင်က ငါ့အပေါ် အရမ်းကောင်းတယ် ဆိုတာမျိုး၊ နင့်လိုသူငယ်ချင်းမျိုး ငါ ထပ်ရှာမတွေ့နိုင်တော့ဘူး ဆိုတာမျိုးတွေပေါ့။ တခြား ချီးမွမ်းစရာတွေရှိရင်လည်း မဆိုင်းမတွ ပြောဆို ချီးမွမ်းတတ်ကြတယ်။
၂။ သူငယ်ချင်းမပါပဲ တစ်နေရာရာသွားရလို့ ကိုယ်တစ်ယောက်တည်း ဖြစ်နေတဲ့အခါ ဘာကိုစိတ်တိုမှန်းမသိ၊ အလိုကျမှန်းမသိ ဖြစ်တတ်တယ်။t
၃။ ရှိုးတွေ၊ ကလပ်တွေ သွားဖြစ်တဲ့အခါ တခြားသူတွေ မသိတဲ့ ကကွက်တွေနဲ့ ကတတ်တယ်။ တခြားသူတွေမသိတဲ့ စကားဝှက်တွေလည်း ပြောတတ်ကြတယ်။
၎။ နှစ်ယောက်အတူ ရှိတဲ့အခါ သူတစ်ပါးတွေ ဝေဖန်မှာကို ဂရုမစိုက်ပဲ လုပ်ချင်တာကို လုပ်ပစ်တတ်ကြတယ်။
၅။ ၀မ်းနည်းလာတဲ့အခါ သူပခုံးပေါ်မှီပြီး ငိုချင်ရင် ငိုချပစ်တတ်တယ်။
၆။ ရန်ဖြစ်လည်းခဏပဲ။ ချက်ချင်း ပြန်တည့်သွားတတ်ကြတယ်။
၇။ တစ်ပါးသူတွေ ကိုယ့်ကို ဖိအားပေး ပြောဆိုတာ မကြိုက်ပေမယ့် သင့်သူငယ်ချင်းက အဲ့လိုမျိုးလုပ်ရင်တော့ ငြိမ်ခံနေတတ်တယ်။
၈။ အ၀တ်အစား ရွေးချယ်မှုအတွက် အားမနာတမ်း ဝေဖန်ပြောဆိုပြီး ၀င်ရွေးပေးတတ်ကြတယ်။
၉။ ဓာတ်ပုံတွေ အတူတူရိုက်ပြီး ချက်ချင်းဆိုသလို နှစ်ယောက်စလုံးရဲ့ လူမှုကွန်ယက် ဒါမှမဟုတ် instagram မှာ တင်လိုက်ရမှ။
၁၀။ နားထောင်တဲ့ သီချင်းတွေကလည်း များသောအားဖြင့် အတူတူပဲ။
၁၁။ သူငယ်ချင်းနဲ့ပတ်သက်ပြီး ၀မ်းသာစရာ ကိစ္စတစ်ခုခု ဖြစ်တော့မယ်ဆို သူတို့ထက် သင်က ပိုတောင် စိတ်လှုပ်ရှားနေမိတယ်။
၁၂။ တစ်ခါတစ်လေ စီစဉ်မထားပဲ အင်္ကျီဆင်တူ ၀တ်လာမိကြတာက ရှိသေး။
၁၃။ ဒါ့အပြင် အမူအရာတွေကပါ နှစ်ယောက်စလုံး သွားသွားတူနေတာမျိုး ရှိသေးတယ်။
၁၄။ အခြားသူတွေသာ ပြောင်းချင်ပြောင်းသွားမယ်၊ ခရီးတစ်ခု သွားပြီဆို သင်တို့နှစ်ဦးကတော့ အမြဲအတူတူ သွားလေ့ရှိကြတယ်။
၁၅။ သူ့ကို မကျေနပ်လို့ ပွစိပွစိ ဆက်တိုက်ပြောလည်း စိတ်မဆိုးဘူး။
၁၆။ သူ့ကို စိတ်တို၊ ဒေါသထွက်ရင်တောင် သူ့ကို ချစ်မှန်းသိနေတယ်။
၁၇။ တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းဆက်နေတယ်လို့ ထင်ရအောင် တစ်ယောက် ဘာဖြစ်နေတယ်ဆိုတာ တစ်ယောက်က သိနေကြတယ်။ နှစ်ယောက်သားရဲ့ ခင်မင်မှုက ဘေးလူတွေ အမြင်ကတ်လောက်အောင်ပါပဲ။
မေသော်
Credit: Trend Myanmar
Tuesday, January 19, 2016
"သင်အခင်ရဆုံး သူငယ်ချင်းက သင်နဲ့ စိတ်တူကိုယ်တူ အမြဲရှိမယ့် သူငယ်ချင်းမျိုးလားဆိုတာ ဒီအချက်တွေက ပြောပြပေးနိုင်"
Labels:
လူမှုဘဝ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment