Lutaw Lupyaw
"အမျိုးသားတွေရဲ့ အပြောအရ ကိုယ့်ကောင်မလေးအပေါ် တကယ်ကောင်းတဲ့ ချစ်သူရည်းစားဆိုတာ"
ကိုယ့်ချစ်သူကောင်မလေးက ဘယ်လိုဆိုရင် သင့်ကို ဘယ်လောက်ချစ်တာ၊ ဘယ်လိုဆိုရင်တော့ သင့်ကို တကယ်စိတ်ထဲ မရှိဘူး စသဖြင့် အချက်အလက်တွေ၊ စစ်တမ်းတွေ ထွက်လာခဲ့ပြီးတဲ့နောက် ဒီတစ်ခါမှာတော့ အမျိုးသားတွေအလှည့် ရောက်ပါပြီ။ ဘယ်လိုကောင်လေးမျိုးက ချစ်သူကောင်းတစ်ယောက် ဖြစ်မလဲဆိုတာကို အမျိုးသားတွေကပဲ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။ ဆိုလိုချင်တာက အမျိုးသားအချင်းချင်း ပိုသိတဲ့သဘောပါပဲ။ ကဲ ဒီတော့ သင့်ချစ်သူကောင်လေးဟာ သင့်အတွက်ချစ်သူကောင်းဖြစ်မဖြစ်၊ သင့်ကို တကယ် တန်ဖိုးထားမထား ကြည့်လိုက်ကြရအောင်။
၁။ တကယ်ကောင်းတဲ့ ချစ်သူ ကောင်လေးတွေဟာ သူတို့ကောင်မလေးတွေကို လေးလေးစားစား ဆက်ဆံပေးကြတယ်။
၂။ ကိုယ့်ကောင်မလေး အံ့သြသွားစေအောင်လည်း သူတို့ ပြုလုပ်တတ်ကြတယ်။
၃။ ဒီနေ့ ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား ဆိုတာမျိုးကိုလည်း ဂရုတစိုက် မေးတတ်ကြတယ်။
၎။ လွန်လွန်ကျူးကျူး သ၀န်တိုတာမျိုးတွေ မရှိဘူး။ သူမကို တန်ဖိုးထား ယုံကြည်တဲ့အတွက် သ၀န်တိုရင်တောင် နည်းနည်းလောက်ပဲ။
၅။ တတ်နိုင်သမျှ ကိုယ့်ကောင်မလေးကို ဆက်သွယ်နေကြတယ်။
၆။ သူမအတွက် အမြဲ အဆင်သင့်ရှိနေကြတယ်။ သူတို့ တစ်ခုခုအတွက် အဆင်မပြေရင်တောင် အတတ်နိုင်ဆုံး ကောင်မလေးအတွက် လုပ်ဆောင်ပေးတယ်။
၇။ သူတို့ရဲ့ အူကြောင်ကြောင်နိုင်တဲ့ ပုံသဏ္ဍာန်မျိုးကိုလည်း ကောင်မလေးကို ပေးသိဖို့ ၀န်မလေးဘူး။
၈။ ဒီအချစ်ရေးကို စိတ်ဝင်စားစရာ ကောင်းနေအောင် အမြဲ စွမ်းဆောင်ကြတယ်။
၉။ ကောင်မလေးကို ညီညီမျှမျှ အမြဲ ဆက်ဆံပေးတယ်။
၁၀။ ကြမ်းတမ်းစွာ ပြုမူပြောဆိုတာမျိုး မလုပ်ဘူး။
၁၁။ မင်္ဂလာဆောင်ရင် ဘယ်လိုဆိုတာမျိုးထိ ကောင်မလေးနဲ့ စိတ်ကူးယဉ်ထားတယ်။
၁၂။ ကောင်မလေးအတွက် အမြဲ အချိန်ပေးထားတယ်။ ကျန်တာတွေက ကောင်မလေးနောက်မှသာ လာတယ်။
၁၃။ ကိုယ့်ကောင်မလေးရဲ့ အမြင်ကို ပြောင်းလဲပစ်ဖို့ ဘယ်တော့မှ မကြိုးစားဘူး။
၁၄။ သူဟာ ကောင်မလေးအပေါ် သစ္စာရှိတယ်။
၁၅။ ကောင်မလေးနဲ့ အမှတ်တရနေ့တွေကို ဘယ်တော့မှ မမေ့ဘူး။
၁၆။ ကောင်မလေးပြောတာကို သေချာ နားထောင်ပေးတယ်။
၁၇။ ကိုယ့်ကောင်မလေး သူငယ်ချင်းတွေနဲ့လည်း အဆင်ပြေအောင် ပေါင်းသင်း ဆက်ဆံပေးတတ်တယ်။
၁၈။ သူဟာ ကောင်မလေးရဲ့ ချစ်သူရည်းစားလည်း ဖြစ်သလို သူငယ်ချင်းဆိုလည်း မမှားဘူး။
၁၉။ ကောင်မလေးဟာ သူ့အတွက် ဘယ်လောက် အရေးပါကြောင်း၊ ကောင်မလေးဟာ ဘယ်လောက် ချစ်ဖို့ကောင်းကြောင်း အမြဲ ပြောတတ်တယ်။
၂၀။ ကောင်မလေး ရယ်မောပျော်ရွှင်နိုင်ဖို့ သူ အမြဲ ကြိုးစားတယ်။
ဟန်နီ
Credit: Trend Myanmar
Lutaw Lupyaw
No comments:
Post a Comment