"အိမ်ထောင်ဖက်အမျိုးသားက ကိုယ့်ထက် အရပ်ပိုရှည်လေ အိမ်ထောင်ရေးပျော်ရွှင်မှု ပိုများလေ ဖြစ်ကြောင်း လေ့လာတွေ့ရှိ"
ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ရရှိဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် ၀ါသနာတူတာ၊ ဟာသဥာဏ်ရှိတာ ဒါမှမဟုတ် ပြည့်စုံကောင်းမွန်တဲ့ လိင်ဆက်ဆံရေး ရှိတာတို့က အဓိကအချက် မဟုတ်ပါဘူး။ ဇနီးမယားတစ်ယောက်ကို တကယ် ပျော်ရွှင်စေဖို့အတွက် အရပ်ရှည်တဲ့ အမျိုးသားကသာ အဓိကဖြစ်တယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။
သုတေသန ပညာရှင်တွေရဲ့ လေ့လာချက်အရ အိမ်ထောင်ဖက်နှစ်ယောက်ဟာ အရပ်ကွာခြားချက် များလေလေ၊ ဇနီးသည်က ပိုမိုပျော်ရွှင်လေ ဖြစ်တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ Konkuk တက္ကသိုလ်က သုတေသနပညာရှင် Kitae Sohn ဦးဆောင်ခဲ့တဲ့ လေ့လာမှုမှာ လူဦးရေကောက်ခံမှု စစ်တမ်းတစ်ခုက အမျိုးသမီးပေါင်း ၇၈၅၀ ရဲ့ ဒေတာ အချက်အလက်တွေကို ကောက်ယူ လေ့လာခဲ့တာဖြစ်ပါတယ်။ လေ့လာမှုအရ အရပ်ရှည်တဲ့ အိမ်ထောင်ဖက်ကို ပိုင်ဆိုင်ထားတဲ့ ဇနီးတွေဟာ အိမ်ထောင်ရေးမှာ ပိုမိုပျော်ရွှင်ကြကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဒါပေမယ့် အရပ်ကွာဟချက်နဲ့ ဇနီးမယားတို့ ပျော်ရွှင်မှုတို့အကြား သက်ရောက်မှုကတော့ အချိန်ကြာလာတာနဲ့အမျှ နည်းပါးလာတတ်ကာ အိမ်ထောင်သက် ၁၈ နှစ်လောက်ကြာရင် လုံးဝ ကွယ်ပျောက်သွားတယ်လို့ Dr Sohn က ဆိုပါတယ်။ “အမျိုးသားက အရပ်ရှည်ရင် ဇနီးပိုပျော်ရွှင်ရတဲ့ ဖြစ်နိုင်ခြေတစ်ခုကတော့၊ အမျိုးသမီးတွေဟာ အရပ်ရှည်တဲ့ အမျိုးသားကို ကြိုက်တတ်ကြလို့ပါ။ ဒါပေမယ့် ဘာကြောင့် ကြိုက်တာလဲတော့ မပြောတတ်ကြဘူး။ ဘာနဲ့တူလည်းဆိုတော့ လူတွေဟာ အဆီများ၊ အငန်လေးပါ၊ အချိုလေးကဲတဲ့ အစားအသောက်ဆို ကြိုက်တတ်သလိုပေါ့၊ ဒီအစားအသောက်တွေရဲ့ ရှင်သန်မှုအတွက် အဓိက လိုအပ်တယ်ဆိုတာ မသိဘဲ ကြိုက်နေသလိုပေါ့။” လို့ Dr Sohn က ပြောပါတယ်။
ဒီ့အပြင် အရပ်ရှည်တဲ့အမျိုးသားကိုမှ အိမ်ထောင်ဖက်အဖြစ် ရွေးတတ်ကြတဲ့ အမျိုးသမီးတွေဟာ မျိုးအောင်နိုင်ခြေလည်း ပိုများတယ်လို့ လေ့လာမှုမှာ ဖော်ပြပါရှိခဲ့ပါတယ်။
ye wint
Credit: Trend Myanmar
Friday, December 4, 2015
"အိမ်ထောင်ဖက်အမျိုးသားက ကိုယ့်ထက် အရပ်ပိုရှည်လေ အိမ်ထောင်ရေးပျော်ရွှင်မှု ပိုများလေ ဖြစ်ကြောင်း လေ့လာတွေ့ရှိ"
Labels:
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment