Lutaw Lupyaw
"စက္ကန့်၊ နာရီတိုင်း ပျော်ရွှင်ချမ်းမြေ့ အေးချမ်းနိုင်ပါစေ"
နှစ်ဟောင်းလွန်ကျူး နှစ်သစ်ကူးသည့် ၂ဝ၁၆ ခုနှစ်၏ နှစ်သစ်အခါသမယတွင် သက်ရှိသတ္တဝါများနှင့် ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်းတို့ ရန်ငြိုးမှန်သမျှကို မေတ္တာ- ခန္တီတို့ဖြင့် ဖြေဖျောက်အောင်မြင်နိုင်ပြီး နှစ်ဟောင်းမှ အညစ်အကြေးများကို စွန့်ဖယ်နိုင်ကြပါစေ၊ ကမ္ဘာလောကကြီးအတွင်း ဆူပူသောင်းကျန်းခြင်းကို မေတ္တာဖြင့် ချုပ်ငြိမ်းနိုင်ကြပါစေ၊ ဒေါသကိုမေတ္တာဖြင့် လွှမ်းမိုးနိုင်ကြပါစေ၊ ကြမ်းတမ်းခြင်းကို ယဉ်ကျေးသိမ်မွေ့ခြင်းနဲ့ ပြောင်းလဲနိုင်ကြပါစေ၊ ဆူပူခြင်း၊ ကြမ်းတမ်းခြင်း၊ ရက်စက်ခြင်း၊ ဖျက်ဆီးခြင်းတို့ကို မေတ္တာ-ခန္တီ-အဟိံသ- သစ္စာတရားတို့နဲ့ ငြိမ်းချမ်းပြီး ယနေ့ကျရောက်သည့် နှစ်သစ်အခါသမယမှ စက္ကန့်တိုင်း၊ နာရီတိုင်း ပျော်ရွှင်ချမ်းမြေ့ အေးချမ်းနိုင်ကြပါစေလို့ ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်းတို့အား မေတ္တာ ဆုမွန်ကောင်းတောင်း ထောမနာပြုလိုက်ပါသည်။
သီတဂူဆရာတော်
ဒေါက်တာအရှင်ဉာဏိဿရ
အဂ္ဂမဟာပဏ္ဍိတ၊ Ph.D, D. Litt
Lutaw Lupyaw
No comments:
Post a Comment