"သင့်ကို သင့်ချစ်သူ အရင်ထက် ပိုယုံကြည်မှု ရှိလာမရှိလာ ဒီအချက် (၁) ချက်တည်းဖြင့် သိနိုင်"
ချစ်သူစုံတွဲတွေဟာ တစ်ခါတစ်လေ အချင်းချင်း ယုံကြည်မှုအပြည့် မရှိကြပါဘူး။ ဒါ့အပြင် ဒီအချစ်ရေးကို အလေးထားမထားဆိုတာလည်း ကွာကြပါသေးတယ်။ သင်နဲ့ သင့်ချစ်သူ တစ်ဦးနဲ့တစ်ဦး တွဲလာတာကြာပြီ ဆိုပါစို့။ နှစ်ဦးသား ဒီအချစ်ရေးကို အလေးထားမထား ဘယ်လိုများ သိနိုင်ပါသလဲ။ သင့်ချစ်သူက သင့်ကို ယုံကြည်မှုရှိမရှိ ဘယ်လို သုံးသပ် ခန့်မှန်းနိုင်ပါသလဲ။
အချစ်ရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်း Relate.org.uk ကတော့ ဒီအချက်နဲ့ပတ်သက်ပြီး စစ်တမ်းတစ်ခု ကောက်ယူခဲ့ပါတယ်။ အဲ့ဒီစစ်တမ်းမှာ သုတေသနပညာရှင်တွေဟာ လူပေါင်း ၆၀၀၀ ကျော်ကို မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။ အဲ့ဒီမေးခွန်းတွေထဲမှာ အလေးထားတဲ့ အချစ်ရေးကို ဘယ်လိုထင်သလဲဆိုတဲ့ မေးခွန်းပါ ပါဝင်နေပါတယ်။
ဒီစစ်တမ်းအရဆိုရင် အတွဲတွေထဲက ၅၀ ရာခိုင်နှုန်းဟာ အလေးထားတဲ့ အချစ်ရေးဆိုတာ တစ်ဦးနဲ့တစ်ဦး ပြသနာတွေ ဝေမျှဖွင့်ဟ ပြောဆိုခြင်းဖြစ်တယ်လို့ ဖွင့်ဟသွားပါတယ်။ ဒါဟာ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုရှိမရှိ ဆိုတာနဲ့လည်း ဆက်နွယ်နေပါတယ်တဲ့။
အိမ်ထောင်ရှင်တွေကို စစ်တမ်း ကောက်ကြည့်တဲ့အခါမှာလည်း ၇၅ ရာခိုင်နှုန်းက အိမ်ထောင်ကျပြီးတာတောင် ကိုယ့်ပြသနာကို ကိုယ့်အမျိုးသား ဖွင့်ဟတာမျိုး မလုပ်တဲ့သူတွေ အများကြီးရှိပါတယ်တဲ့။ ဒါ့ကြောင့်လည်း တကယ်ပျော်ရွှင်ကြတဲ့ အိမ်ထောင်ရေးတွေမှာ အဆိုးဖြစ်ဖြစ် အကောင်းဖြစ်ဖြစ် ကိုယ့်အိမ်ထောင်ဖက်နဲ့ ဝေမျှခံစားကြတာ ဖြစ်ပါတယ်။
ကဲ သင့်ချစ်သူနောက်တစ်ခါ သူ စိတ်ဆင်းရဲနေရတဲ့ အကြောင်းအရာတစ်ချို့ သင့်ကို ဖွင့်ဟလာတဲ့အခါ နားငြီးရင်တောင် သူ သင့်ကို ယုံကြည်လို့ အလေးထားလို့ ခုလို ဖွင့်ဟလာတာပါလားလို့ တွေးပြီး အဆုံးထိ နားထောင်ပေးလိုက်ကြစို့နော်။
ဟန်နီ
Credit: Trend Myanmar
Thursday, December 3, 2015
"သင့်ကို သင့်ချစ်သူ အရင်ထက် ပိုယုံကြည်မှု ရှိလာမရှိလာ ဒီအချက် (၁) ချက်တည်းဖြင့် သိနိုင်"
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment