Tuesday, December 8, 2015

"အပြန်အလှန် သတိမမေ့ရင် အမှန်အကန် ထိတွေ့နေပါတယ်"




"အပြန်အလှန် သတိမမေ့ရင် အမှန်အကန် ထိတွေ့နေပါတယ်"

ကိုယ်က သူ့ကို သတိရနေရင် ကိုယ့်ရင်ထဲမှာ
သူရှိနေတဲ့အတွက် ကိုယ်နဲ့သူ အပြင်မှာ မထိတွေ့ပေမယ့် ရင်မှာ ထိတွေ့နေပါတယ်။ သူ့ကို ကိုယ် သတိရလိုက်တိုင်း ကိုယ့်စိတ်ထဲမှာ
သူရှိနေတာပဲလေ။

သူက ကိုယ့်ကို သတိရနေရင် သူ့ရင်ထဲမှာ ကိုယ်ရှိနေတဲ့အတွက် သူနဲ့ ကိုယ် အပြင်မှာ မထိတွေ့ပေမယ့် ရင်မှာ ထိတွေ့နေပါတယ်။
ကိုယ့်ကို သူ သတိရလိုက်တိုင်း သူ့စိတ်ထဲမှာ
ကိုယ်ရှိနေတာပဲလေ။

တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် သတိမမေ့ရင် အမှန်အကန် ထိတွေ့နေတာပါဘဲ။ အပြင်မှာ ထိတွေ့နေဖို့ထက် ရင်မှာ ထိတွေ့နေဖို့က ပိုအရေးကြီးပါတယ်။ ခိုင်မြဲတဲ့ မေတ္တာဓါတ်ကသာ လူတစ်ယောက်နဲ့ တစ်ယောက်ကို အမှန်တကယ် နီးကပ်စေတာပါ။

စစ်မှန်သန့်စင်တဲ့ မေတ္တာစိတ်တွေနဲ့ အပြန်အလှန် သတိရရင်း ခိုင်မြဲတဲ့ အချစ်ကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Credit: Pote Pote


No comments:

Post a Comment