"ချစ်သူအတွက်… ထာဝရ"
ချစ်သူ… မင်း ငါ့လက်ကို ဆုပ်ကိုင်ထားသရွေ့ ငါ မင်းလက်ကို မြဲမြဲ ကိုင်ထားပါ့မယ်။
ချစ်သူ… မင်းရင်ထဲမှာ ငါရှိနေသရွေ့ ငါ့ရင်ရဲ့ အနက်ရှိုင်းဆုံး နှလုံးသားကို မင်းပိုင်နေလိမ့်မယ်။
ချစ်သူ… မင်း ငါ့ကို ရင်နာအောင်မလုပ်သရွေ့ ငါ မင်းကို ရင်မကွဲစေရပါဘူး။
ချစ်သူ… မင်း ငါ့ကို နားလည်မှု ပေးနေသရွေ့ ငါရဲ့ နားလည်ပေးမှု အားလုံးကို မင်းရရှိနေမှာပါ။
ချစ်သူ… မင်း ငါ့ကို လိုအပ်နေသေးသရွေ့ ငါ မင်းရဲ့အပါးမှာ အမြဲ ရှိနေပေးပါ့မယ်။
ချစ်သူ… မင်း ငါ့ကို ချစ်မြတ်နိုးနေသေးသရွေ့ ငါရဲ့ ကြင်နာခြင်းတွေ အားလုံး မင်းအတွက်ဘဲ ဖြစ်နေစေရမယ်။
ချစ်သူ… မင်းရဲ့သစ္စာတရားဟာ င့ါအတွက် ဖြစ်နေသရွေ့ ငါနဲ့ပတ်သက်သမျှ အရာအားလုံး မင်းအတွက် ဖြစ်နေစေရမယ်။
ချစ်သူ… နေ့နေ့ညည အိမ်မက်အားလုံးကို မင်းသာ အပိုင်စိုးလို့ ကိုးစားချင်ပေမဲ့ လောကကြီးနဲ့ လူတွေရဲ့စိတ်ကို မယုံရဲတာကတော့ ငါ့ရဲ့အလွန် မဟုတ်လောက်ဘူးထင်ရဲ့။
ချစ်သူ… အရာရာမှာ တန်ပြန်နိယာမ သဘောတရားတွေနဲ့ ငါ့ဘက်က အသေချာဆုံးကတော့ မင်း ငါ့အတွက် ရှိနေသေးသရွေ့ ငါ မင်းအတွက် ထာဝရ ရှိနေမှာပါ ချစ်သူ……။
Credit: Pote Pote
Thursday, December 3, 2015
"ချစ်သူအတွက်… ထာဝရ"
Labels:
ခံစားမှုရသ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment