Thursday, December 31, 2015

"ဆက်လွမ်းနေမယ့် 2016"



Lutaw Lupyaw

"ဆက်လွမ်းနေမယ့် 2016"

ချစ်သူ… ငါ့ဘေးနားမှာ မင်းတစ်ယောက် ရှိနေစဉ်က ငါ့လောက်သာယာတဲ့သူ လောကမှာ ရှိပါအုံးမလားလို့ တွေးမိတယ်။

ချစ်သူရယ်… ခုဆိုလဲ ငါ့ဘေးနားက ထွက်ခွါတဲ့ နေ့ကစလို့ အသက်ရှင်လျှက်နဲ့ သေဆုံးနေတဲ့ ဘ၀ပါ။ ပြန်မလာနိုင်တော့တဲ့ ငါ့ချစ်သူကို တမ်းတရင်း ခုလဲ 2016 ရောက်ခဲ့ပြန်ပြီ။

သူသူငါငါတွေ အပျော်တွေများလို့ နှစ်ကူးမှာ မြူးနေလေရဲ့။ သြော်… ဘာကြောင့်များ ဘ၀က အထီးကျန်ဆန်ရသလဲကွယ်။ အတိတ်က အရိပ်တွေများ ထင်ကျန်နေလို့ အချစ်နဲ့ လွဲတာများလား။ အလွမ်းတွေ ပွေ့ပိုက်၊ မျက်ရည်စတွေနဲ့ ဖရိုဖရဲနဲ့ ဆက်ပဲလွမ်းလိုက်အုံးမယ် ချစ်သူရယ်…။



Lutaw Lupyaw

No comments:

Post a Comment