Wednesday, December 9, 2015

"Facebook မှာ စိတ်ဓာတ်လှုံ့ဆော်မှုပေးတဲ့ အဆိုအမိန့် ကိုးကားစကားတွေကို တင်တဲ့သူတွေဟာ တကယ်တမ်းတော့ ဥာဏ်ရည်နိမ့်ပါးသူတွေဖြစ်"


"Facebook မှာ စိတ်ဓာတ်လှုံ့ဆော်မှုပေးတဲ့ အဆိုအမိန့် ကိုးကားစကားတွေကို တင်တဲ့သူတွေဟာ တကယ်တမ်းတော့ ဥာဏ်ရည်နိမ့်ပါးသူတွေဖြစ်"

(ကိုယ်တွေပါ ပါနေပြီထင်တင်)

ဥာဏ်ရည်နိမ့်ပါးမှုနဲ့ တွေ့ကရာ စိတ်ဓာတ်လှုံ့ဆော်မှုပေးတဲ့ အဆိုအမိန့်တွေကို ယုံကြည်မှုတို့အကြားမှာ ဆက်စပ်မှုရှိနေကြောင်း မကြာသေးမီကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။ ဦးဆောင်သုတေသနပညာရှင် Gordon Pennycook က “ဒီနေရာမှာ လေးနက် သယောင်ယောင်ရှိတဲ့ အဆိုအမိန့် ကိုးကားချက်အတုတွေကို ကျွန်တော်တို့ အဓိကထား လေ့လာခဲ့တာ ဖြစ်ပါတယ်။ လေးနက်သယောင်ရှိတဲ့ အဆိုအမိန့် အတု (pseudo-profound quotes) တွေဆိုတာ တကယ်လေးနက်ပြီး အဓိပ္ပါယ်နက်ရှိုင်းသယောင် ရှိပေမယ့် တကယ်တမ်းတော့ ဘာမှအဓိပ္ပါယ် မည်မည်ရရမရှိတဲ့ စကားတွေ၊ ဆိုလိုတာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ကနေဒါနိုင်ငံ၊ ၀ါတာလူးတက္ကသိုလ်က Gordon Pennycook နဲ့ အဖွဲ့ဟာ ဒီအဆိုအတုတွေအပေါ် လူတွေရဲ့ ယုံကြည်ချက်ကို စမ်းသပ်ဖို့အတွက် New Age Bullsh*t Generator ဆိုတဲ့ ၀က်ဘ်ဆိုဒ်နဲ့ Wisdom of Chopra ဆိုတဲ့ ဆိုက်နှစ်ခုက ကြုံရာကျပန်း အဆိုအမိန့်တွေကို အသုံးပြုခဲ့ကြပါတယ်။ ထို့နောက်မှာတော့ လေ့လာမှုမှာပါဝင်ပေးတဲ့ ကောလိပ်ကျောင်းသား ၂၈၀ ဦးကို ဒီ အဆိုအမိန့်တွေကို အဆင့်သတ်မှတ်ချက် ၁ ကနေ ၅ အတွင်း ပေးခိုင်းခဲ့ပါတယ်။ အဆင့် ၅ သတ်မှတ်ရင် အလေးနက်ဆုံးဖြစ်ကာ အဆင့် ၁ ကတော့ လုံးဝ အဓိပ္ပါယ်မရှိဘူးလို့ သတ်မှတ်တာဖြစ်ပါတယ်။

ဒီလေ့လာမှုရဲ့ တွေ့ရှိချက်အရ ဒီ အဆိုစကားတွေက လေးနက်မှုရှိတယ်လို့ ထင်တဲ့လူတွေမှာ ဘာသာရေးအစွဲတွေ ပြင်းထန်ပြီး၊ အတွေးအခေါ် ကောင်းသူတွေမဟုတ်ကြောင်း တွေ့ရှိခဲ့ရကာ အဆိုကြမ်းအဆင့်သာရှိတဲ့ လျှို့ဝှက်ကြံစည်သီအိုရီ  (conspiracy theories) တွေကို ယုံကြည်နိုင်ခြေလည်း ပိုများကာ၊ သဘာဝကုထုံးတွေနဲ့ သဘာဝလွန် ဖြစ်ရပ်တွေကိုလည်း ယုံကြည်နိုင်ခြေ ပိုများနေတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။“ အခြေခံ သဘောတရားကတော့ အသိဥာဏ်ပညာမြင့်တဲ့ လူတွေဆိုရင် ဒီအဆိုအမိန့်တွေဟာ အလကား အဆိုအမိန့်တွေဆိုတာ သိသင့်ပြီး သူတို့ကို ပြလိုက်တဲ့ အလကားအဆိုအမိန့်တွေကိုလည်း လွယ်လွယ်မယုံဘဲ၊ သံသယနဲ့ ပိုကြည့်သင့်ပါတယ်” လို့ Pennycook က ပြောပြခဲ့ပါတယ်။

ye wint

Credit: Trend Myanmar

No comments:

Post a Comment