Tuesday, December 1, 2015

"လူ့ဘ၀လိုက်နာဖွယ်"



"လူ့ဘ၀လိုက်နာဖွယ်"

၁။ အသိတရားပေါ်မူတည်ပြီး လူ့ဘ၀အနိမ့်အမြင့် ဖြစ်လာတယ်။
၂။ ရိုးသားမှုသည် တန်ဖိုးကြီး၍ ရှားပါးသောအရာ ဖြစ်တယ်။
၃။ လူတစ်ယောက်ရဲ့ အမြင့်ဆုံးတန်ဖိုးသည် ယုံကြည်စိတ်ချရမှု ဖြစ်တယ်။
၎။ ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့သူဟာ ကိုယ်ပြောတဲ့စကားကို တန်ဖိုးထားတယ်။
၅။ အပြစ်ရှိ၍ လိပ်ပြာမသန့်ခြင်းဟာ စွပ်စွဲမည့်သူ မလို။
၆။ စိတ်ဓာတ် တည်ငြိမ်ရင့်ကျက်တာဟာ အသက်ကြီးတာငယ်တာနှင့်မဆိုင်။
၇။ လိုချင်သောအရာတစ်ခုကို ရဖို့အတွက် ထိုက်တန်သော ရင်းနှီးမှုတစ်ခုတော့ ပေးဆပ်ရမယ်။
၈။ အခတ်အခဲဆိုတာ မရှိခဲ့ရင် အရည်အချင်းဆိုတာ ထုတ်ဖေါ်ခွင့် ရှိမှာမဟုတ်။
၉။ ဒုက္ခဆိုတာ နောင်တစ်ချိန်မှာ ဟာသဖြစ်သွားမှာပါ။
၁၀။ လောကမှာ တက်သိသူများပြီး သိတက်တဲ့သူ ရှားတယ်။
၁၁။ တစ်ခါမကောင်းမိတာနဲ့ အခါတစ်ရာကောင်းခဲ့တာကို မမေ့ပါနဲ။
၁၂။ နေရာတကာ ခွင့်လွတ်ခြင်းသည် လူမိုက်များကို မြေတောင်မြှောက်ပေးခြင်းနဲ့ တူသည်။
၁၃။ သည်းခံတက်သူရဲ့ ဒေါသကို သတိထားပါ။
၁၄။ ပေးဆပ်ခြင်းတွေသိပ်များလျှင် ပေါက်ကွဲမှုတွေ ပြင်းထန်တက်တယ်။
၁၅။ ကမ္ဘာမှာ စိတ်မချမ်းမြေ့ဆုံးက ပညာမဲ့ခြင်းပဲ။
၁၆။ ကမ္ဘာမှာ အကျည်းတန်ဆုံးက တခြားလူရဲ့ဘ၀ကို မနာလိုခြင်းပဲ။
၁၇။ ကမ္ဘာမှာ ၀မ်းနည်းစရာအကောင်းဆုံးက မုသားစကား ပြောဆိုချင်းပဲ။
၁၈။ ကမ္ဘာမှာ အလှဆုံးတရားက အရာရာကို မေတ္တာတရား ထားခြင်းပဲ။
၁၉။ ကမ္ဘာမှာ အဖိုးအတန်ဆုံးက သူတစ်ပါးကို အကျိုးဆောင်ပြီး တုန့်ပြန်ကျေးဇူး မတောင်းဆိုခြင်းပဲ။

(ဆရာတစ်ဦးရဲ့ ဆုံးမစာကို
ပြန်လည်ဝေငှပါသည်။)

Credit: Hnin Nandar


No comments:

Post a Comment