Friday, December 11, 2015
"စိုးရိပ်… တိုးတိပ်…"
"စိုးရိပ်… တိုးတိပ်…"
အတွေးတွေထဲမှာ မျောနေမိလို့
အနေတွေ ဝေးနေခဲ့ရတာ…… ငါ
အနေတွေ ဝေးနေခဲ့လို့ သွေးအေးသွားမှာကို
စိုးရိမ်နေခဲ့ရတာ…… ငါ
အိပ်မရတဲ့ညတွေမှာ မတူညီတဲ့ဘ၀တွေကို
ကြောက်နေခဲ့မိတာ…… ငါ
အချစ်ဆိုတဲ့ ဝေါဟာရ မပါတဲ့
ဘ၀ရဲ့ dictionary ကို ပိုင်ဆိုင်ခဲ့ရတာ…… ငါ
မမြင်သာယုံ ကွယ်ရာကနေ
မြင်သာယုံလေးဘဲ ရန်ခုန်နေမိတာ…… ငါ
အလွမ်းဆိုတာကို မှတ်ပုံမတင်ဘဲ
မူပိုင်ခွင့်တွေ တသီကြီးရခဲ့တာ…… ငါ
ချစ်တဲ့အကြောင်း စာသီကုံးနိုင်ပေမယ့်
ဝါကျတွေ လမ်းလွဲခဲ့ရတာ…… ငါ
ရင်ခုန်သံတွေ ထိုးစစ်ဆင်နေခဲ့ပေမယ့်
စကားသံတွေ ကျဆုံးနေခဲ့ရတာ…… ငါ
ဗျတ္တလို ပန်းဆက်ချင်ခဲ့ပေမယ့်
တော်ဝင်ပန်းတွေကြားမှာ ကြောက်ရွံနေခဲ့တာ…… ငါ
နုတ်ဖျားတွေ စွံ့အခဲ့ရလို့
နှလုံးသားတွေ သွေချင်းချင်းနီခဲ့တာ…… ငါ
အရှုံးဆိုတာကို ကြိုသိနေပေမယ့်လည်း
ပိုးဖလန်လို မီးကို တိုးခဲ့တာ…… ငါ
ဇာတ်သိမ်းချိန်မှာ အထုပ်သိမ်းပြန်ရပေမယ့်
မျှော်လင့်ချက်တွေ မကုန်သေးတာ…… ငါ
မတက်သာလို့ ခပ်ခွာခွာလေး
ဆုတ်ပေးခဲ့တာပါ။
ငါ့ဦးဏှောက်က မေ့သွားရင်တောင်
နှလုံးသားက သတိရနေမှာ
မင်းတယောက်တည်းပါ……။။
Credit: Pote Pote
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment