Wednesday, December 9, 2015
"ရည်းစားဟောင်းက သင့်ကို ပြန်ကပ်တဲ့အခါ သင်အနေနဲ့ ပြန်ပါမသွားစေဖို့ သတိထားရမယ့် အချက် (၅) ချက်"
"ရည်းစားဟောင်းက သင့်ကို ပြန်ကပ်တဲ့အခါ သင်အနေနဲ့ ပြန်ပါမသွားစေဖို့ သတိထားရမယ့် အချက် (၅) ချက်"
လမ်းခွဲထားပြီးသား ရည်းစားဟောင်းက ခုတလော ကိုယ့်ကို ပြန်ဆက်သွယ်နေတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ ပြတ်ထားတာ မကြာသေးတော့ သံယောဇဉ်ကလည်း နည်းနည်းရှိနေသေးတာမို့ သူဖုန်းဆက်ရင်လည်း ကိုင်လိုက်မိတယ်။ sms ပို့ရင်လည်း ပြန်ပို့နေမိတယ်။ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ ပြောပေမယ့် သူက ခုပြန်ကပ်နေတော့ ဘယ်လိုလုပ်ရမလဲ မသိဘူးဖြစ်နေတယ်။ ဒါပေမယ့် ကိုယ့်ဘက်ကတော့ သူနဲ့ပြန်ကြိုက်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူး။ သူ့ရဲ့ ချဉ်းကပ်နည်းတွေထဲက ရှောင်ရမယ့်အရာတွေနဲ့ ကိုယ့်စိတ်ကိုကိုယ် ပြတ်ပြတ်သားသားဖြစ်နိုင်ဖို့ အခြေအနေတွေကို သိထားဖို့လိုပြီပေါ့။
၁။ သူငယ်ချင်းလိုပဲ နေကြရအောင်ဆိုတဲ့ ထောင်ချောက်ထဲ ၀င်မသွားမိပါစေနဲ့။
ပြတ်ပြီးခါစ အတွဲတစ်တွဲဟာ ချက်ချင်းလက်ငင်းကြီး သူငယ်ချင်း ဖြစ်သွားတာမျိုး ရှိရင်တောင် တော်တော်လေး ရှားမှာပါ။ သူငယ်ချင်းအမည်ခံပြီး ကိုယ့်ဆီကို ပြန်လာဖို့ ထောင်ချောက်တစ်ခု ဖန်တီးနေတာလို့ စိတ်ထဲမှာ သိထားပါ။ သူ့ကြောင့် ကိုယ် ဘယ်လောက် နာကျင်ခံစားခဲ့ရသလဲဆိုတာကို တွေးပါ။ ကိုယ်ခံစားခဲ့ရတာတွေအတွက် ကိုယ်ဟာ သူ့ဆီက ဝေးဝေးပြေးဖို့ လိုနေပြီလို့လည်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။
၂။ ဖုန်းတွေဆက်၊ ဒရာမာအကွက်တွေထဲ မနစ်မျောပါနဲ့။
ပြတ်သွားကာမှ ဖုန်းတွေပြန်ဆက်တာမျိုး၊ လက်ဆောင်ပစ္စည်းလေးတွေ ပို့တာမျိုးတွေ လုပ်ရင် ဒါမျိုးတွေ မလုပ်ဖို့ ပြတ်ပြတ်သားသား ပြောပါ။ တိုက်ဆိုက်မှု တစ်ခုခုရှိတိုင်း ကိုယ့်ကို အသိပေးနေတာမျိုးတွေ၊ ကိုယ်ကြိုက်တဲ့ သီချင်းလေး ရေဒီယိုမှာလာနေလို့ ကိုယ့်ဆီ လှမ်းဖုန်းဆက်တဲ့ အကွက်မျိုးတွေ သူလုပ်တဲ့အခါ မနစ်မျောသွားပါစေနဲ့။
၃။ ညဘက် အပြင်ထွက်တဲ့အခါ၊ လျှောက်လည်တဲ့အခါမျိုးတွေမှာ သူငယ်ချင်းတွေ ပါပါစေ။
ဒီလိုအချိန်မှာ ယောက်ျားလေးဆိုရင် ယောက်ျားလေးအချင်းချင်း၊ မိန်းကလေးဆိုရင်လည်း မိန်းကလေးအချင်းချင်း တွဲတာပဲ ကောင်းပါတယ်။ ညဘက် ကလပ်သွားရင်လည်း မိန်းကလေးသူငယ်ချင်း အုပ်စုလိုက်ကြီး သွားတာမျိုး၊ နေ့ခင်းဘက် လျှောက်လည်ရင်လည်း အုပ်စုလိုက် လည်တာမျိုးပဲ ဖြစ်သင့်ပါတယ်။
၎။ သူ sms ပို့တဲ့အခါ ပြန်ပို့တာမျိုး လုံးဝမလုပ်ပါနဲ့။
ကိုယ်က သူနဲ့ပြန်အီတာမျိုး မဟုတ်ရင်တောင် သူ sms ပို့လာရင် ကိုယ့်ဘက်က ဒေါနဲ့မောနဲ့ sms ပြန်ပို့တာမျိုး၊ ဘယ်လောက်မုန်းကြောင်း၊ ဘယ်လောက်နာကျင်ကြောင်း ပြန်ပို့တာမျိုးတွေ ဘာမှမလုပ်ပါနဲ့။ ဘာဆိုဘာမှ ပြန်မပို့တာဟာ သူ့ကို လုံးဝ လျစ်လျူရှုလိုက်ပြီဆိုတာ ပြသခြင်းပါပဲ။
၅။ ကိုယ့်အခန်းထဲမှာ ကိုယ့်စိတ်ကို မြှင့်တင်ပေးနိုင်မယ့် စာသားတွေ ကပ်ထားပါ။
သူမရှိပဲ ကိုယ်နေနိုင်တယ်၊ ကိုယ်ဟာ ဘာမဆို လုပ်နိုင်တယ်၊ တစ်ဦးတည်း၊ တစ်ယောက်တည်း လောကဓံကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်တယ်ဆိုတဲ့ စကားပုံတွေ၊ စာသားတွေ ကပ်ထားပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်မကျအောင် ကြိုးစားပါ။
ဟန်နီ
Credit: Trend Myanmar
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment