Lutaw Lupyaw
"အားလပ်ရက်မှာ ဘာ့ကြောင့် ခရီးရှည်ထွက်ပြီး အနားယူသင့်တယ်ဆိုတာ"
တစ်နှစ်ပတ်လုံး အလုပ်တွေလုပ်ရင်း လူပင်ပန်း၊ စိတ်ပင်ပန်း ဖြစ်ကြရသူတွေအတွက် နှစ်တစ်နှစ်ရဲ့အဆုံး ဒီဇင်ဘာလဟာ ခရီးသွားဖို့ အသင့်တော်ဆုံးလ ဖြစ်ပါတယ်။ ကုမ္ပဏီတွေ၊ ရုံးတွေကလည်း ဒီလမှာ အားလပ်ရက်ရှည် ပေးတတ်ကြသလို၊ ဘောနပ်စ်ပေးတာတို့၊ လစာအခြေအနေအတွက် ပြန်စဉ်းစားပေးတာတွေ လုပ်ပေးတတ်ကြပါတယ်။ သင်ဟာ ခွင့်ယူတာနည်းပြီး အလုပ်ကို သေချာဂရုတစိုက် လုပ်တတ်တဲ့လူတစ်ယောက်၊ တာဝန်ယူစိတ် အပြည့်ရှိတဲ့ ၀န်ထမ်းကောင်းတစ်ယောက်ဆိုရင် ဒီလို ဒီဇင်ဘာအားလပ်ရက်မှာ အလုပ်ကိစ္စတွေ ခေါင်းထဲကထုတ်ပြီး ခရီးတစ်ခုခုသွားဖို့ ပိုစီစဉ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီခရီးကနေ သင် ပြန်လည်ရရှိမယ့် အကျိုးကျေးဇူေးတွ အများကြီး ရှိနေလို့ပါ။
၁။ အားလပ်ရက်ရှည်မှာ သင်သေချာ အနားယူနိုင်ပါတယ်။
စနေ၊ တနင်္ဂနွေ အားလပ်ရက် နှစ်ရက်လေးရတာကို တစ်ညအိပ်ခရီး သွားတာထက်စာရင် ရက်ရှည်ခရီးထွက်တာဟာ သင့်ရဲ့စိတ်ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေကို ပိုတွန်းထုတ်ပစ်ပေးနိုင်ပါတယ်။ အားလပ်ရက်ရှည်ရတာမို့ အလုပ်အကြောင်းကိုလည်း ခေါင်းထဲက ပိုထုတ်ပြီး အေးချမ်းစွာ အနားယူနိုင်ပါတယ်။
၂။ ခရီးထွက်အနားယူခြင်းဟာ သင့်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။
စိတ်ပူ၊ စိတ်ရှုပ်စရာတွေနဲ့ ဝေးရာကို ခရီးထွက် အနားယူခြင်းဟာ သင့်အတွက် ဒေါသထွက်စရာ အကြောင်းအရင်း မရှိတော့တာမို့ နှလုံးရောဂါသာမက သွေးတိုးရောဂါ မဖြစ်အောင်လည်း တားဆီးပေးပါတယ်။
၃။ သင့်လုပ်နိုင်စွမ်းအားကို မြင့်မားစေပါတယ်။
လူတစ်ယောက်ဟာ နင်းကန်ပြီး အလုပ်တွေ စွတ်လုပ်တဲ့အခါ သူ့ရဲ့ စဉ်းစားနိုင်စွမ်းအားသာမက လုပ်ကိုင်နိုင်စွမ်းတွေပါ လျော့နည်းသွားတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အနားပေးဖို့ လိုအပ်ပါတယ်။ သင်ဟာ ခုလို အားလပ်ရက်မှာ ပြည့်ပြည့်၀၀ အနားယူထားမယ်ဆိုရင် အလုပ်ပြန်တက်တဲ့အခါ စိတ်လန်းဆန်းတက်ကြွမှုကို ခံစားရမှာဖြစ်ပြီး လုပ်နိုင်စွမ်းအားလည်း ပိုတိုးနေတာကို တွေ့ရပါလိမ့်မယ်။
၎။ ကျွန်ုပ်တို့ရဲ့ ဦးနှောက်ဟာ ရေနဲ့ပတ်သက်ပြီး ထူးဆန်းစွာ ခံစားရတာကို သိရပါတယ်။
ဒါအမှန်ပါပဲ။ ရေတွေက ကျွန်ုပ်တို့ကို တည်ငြိမ်စေပါတယ်။ ကမ္ဘာကြီးနဲ့ ဆက်သွယ်ပေးရုံမက ရှင်းလင်းတဲ့ စိတ်ခံစားချက်ကို ပေးစွမ်းပါတယ်။ ဒါ့ကြောင့် ခရီးသွားတဲ့အခါ ပြာနှမ်းနေတဲ့ ရေပြင်ကြီးနဲ့ နီးတဲ့နေရာကို သွားဖို့ မမေ့ပါနဲ့။
၅။ သင်ဟာ ပိုပြီး ပွင့်ပွင့်လင်းလင်း ဖြစ်လာမယ်။
ခရီးသွားခြင်းဟာ ဗဟုသုတတိုးတဲ့အပြင် ကိုယ်သွားတဲ့နေရာတွနဲ့ ပတ်သက်ပြီး အဲ့နေရာက ယဉ်ကျေးမှုတွေ၊ အလေ့အထတွေကိုပါ သင် သိလာရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အတူသွားတဲ့ မိသားစု၊ ဒါမှမဟုတ် သူငယ်ချင်း၊ ဒါမှမဟုတ် ချစ်သူရည်းစားနဲ့လည်း စိတ်ခံစားချက်တွေ ဖလှယ်နိုင်သလို လူတွေကို ဆက်ဆံရာမှာ အရင်ကနဲ့မတူ ပိုမို ပွင့်လင်းစွာ ဆက်ဆံတတ်လာပါလိမ့်မယ်။ အတူသွားခဲ့တဲ့ သူတွေနဲ့လည်း အရင်ထက် ပိုမို ရင်းနှီးနွေးထွေးသွားမှာ သေချာပါတယ်။
မေသော်
Credit: Trend Myanmar
Lutaw Lupyaw
No comments:
Post a Comment