Lutaw Lupyaw
"ဘီးကျဲ"
ပထမဆုံးအနေဖြင့် ဘီးကျဲဆိုသောအဓိပ္ပါယ်အား အရင်ရှင်းပါမည်။ ယောက်ျားလေး အိမ်ထောင်မရှိသူ လူလွတ်များအား အသက် ၃၀ မှစ၍ ဘီးကျဲ စားရင်း စတင်သွင်းနိုင်ပါသည်။ ဘီးကျဲဖြစ်စေရန် ငွေကြေး သို့မဟုတ် ရာထူး၊ ပညာ၊ တစ်ချက်ချက် ရှိရမည်ဖြစ်သည်။ ရုပ်ရည် အဓိကမကျပေ။ ဘီးကျဲတို့ ယေဘူယျသွင်ပြင် လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ၄င်းတို့၏ အဝတ်အစား
ခေတ်ပေါ်လူငယ် ဆယ်ကျော်သက်လေးများကဲ့သို့ ဘောင်းဘီပွပွ rapper အင်္ကျီများအား မဝတ်ဆင်တတ်ပေ။ ဂျင်းဘောင်းဘီအကျပ်၊ စတိုင်ဘောင်းဘီ၊ တစ်ခါတရံ ဘောင်းဘီဒူးဖုံးများနှင့် တီရှပ်အမဲ၊ အဖြူ၊ ဗြောင်များ၊ ရှပ်အကျီအကွက်များ ဝတ်ဆင်တတ်သည်။ ပွဲသွားပွဲလာများတွင် ပိုးပုဆိုးများ၊ နာမည်ကျော် brand အင်္ကျီ လည်ကတုံးအဖြူ၊ ရှပ်အဖြူလက်ရှည်များ ဝတ်ဆင်သည်။ နေကာမျက်မှန်အား အချိန်ပြည့်နီးပါး တတ်ထားတတ်သည်။ အကြောင်းမှာ ဆယ်ကျော်သက် စကီလေးများအား မျက်လုံးကျွတ်ကျမတတ် မှန်ထဲက ခိုးကြည့်ရန်ဖြစ်သည်။ ပိုက်ဆံအိတ်မှာလည်း တစ်ဒေါင်နီးပါးရှိသော အိတ်ထဲတွင် အောက်ထစ် ထသွားထလာပင်
၁ သိန်းကျော် ၂ သိန်း အနဲဆုံး ထဲ့ထားလေ့ရှိသည်။
၂။ ၄င်းတို့၏ အနေအထိုင်အပြောအဆိုများ
လူအများနှင့်စကားပြောရာတွင် လွန်စွာ သိမ်မွေ့ညင်သာသည်။ စကားလုံး အကြီးကြီးများ ပြောတတ်သည်။ လုပ်ငန်း၊ ရာထူး၊ အကြီးကြီးများလုပ်ကိုင်သူများနှင့် ငယ်ငယ်ထဲက ဂေါ်လီရိုက်ဖက်သဖွယ် ပြောတတ်သည်။ တစ်ဖက်သား အထူးသဖြင့် ဆယ်ကျော်သက် စကီလေးများအား သူ့ကိုယ်သူ ရင့်ကျက်ဟန်၊ ကိုယ်ချင်းစာနာမှုရှိဟန်၊ သူ့အား အားကိုးချင်လာအောင် ပြောတတ်သည်။
၃။ စီးလေ့ရှိသော မော်တော်ယဉ်
ပေါ့ပေါ့ပါးပါး ဆီစားသက်သာသော ကားအသေးလေးများ မစီးပေ။ ဆီစားများသော ကိုထည်ကြီးမားသော လန်ခရူဆာ၊ ပါဂျဲရိုး၊ အဲဖတ် ကဲ့သို့သော ကားများအား အထဲသို့မမြင်စေရန် မှန်အနက်အပြည့်ကပ်ပြီး စီးလေ့ရှိတတ်သည်။ ဆိုင်ကယ်ဆိုလျှင်လည်း ဆီစားများ သိန်း ၃၀ ခန့် အောက်ထစ်ပေးရသော တဝူးဝူးနှင့်မြည်သော ဆိုင်ကယ်များအား စီးလေ့ရှိသည်။
၎။ သုံးလေ့ရှိသော မူးယစ်စေသည့်အရာများ
အရက်ဆိုလျှင် အနဲဆုံး ၅ သောင်းဝန်းကျင်ရှိ အရက်များအား လူအများရှေ့တွင် ၂ ပက်လောက် လူမြင်ကောင်းအောင်သာ သောက်ပြလေ့ရှိသည်။ ဘီယာဆိုလျှင်လည်း ၄ ၅ ခွက်သာ သောက်သည်။ ကျန်သည့်ပုလင်းအား ကားထဲ ထည့်ထားလေ့ရှိတတ်သည်။ ၄င်းတို့သည် လူအများရှေ့တွင် ကြည့်ကောင်းအောင် အနဲငယ်သာ သောက်လေ့ရှိသည်။ စွဲစွဲမြဲမြဲ သုံးတတ်သည်ကတော့ ဈေးကြီးပေးဝယ်ရသော ခေတ်ပေါ် မူးယစ်စေသော ဆေးဝါးများ သုံးစွဲလေ့ရှိသည်။ အနံ့လည်းမထွက် လူအမြင်လည်း ကောင်းသောကြောင့်ဟု ထင်သည်။ တော်ယုံဘီယာဆိုင်လောက်တွင် ထိုင်လေ့မရှိပဲ နိုက်ကလပ်၊ ဘား စသော
ညလုံးပေါက် နေရာများသို့သာ သွားလေ့ရှိသည် လူမမြင်စေရန်လည်း ပါသည်။
၅။ သုံးစွဲလေ့ရှိသော E accssories များ
ဖုန်းဆိုလျှင် အနည်းဆုံး ၃ လုံးလောက်ကိုင်သည်။ iPhone လိုမျိုးတစ်ခု
၁၀ လက်မ ဝန်းကျင်ခန့်ရှိသော အပြားကြီးများ
ဈေးကြီးသော brand များသာ ကိုင်လေ့ရှိသည် လူအများရှေ့တွင် ထိုအပြားကြီးအား အလုပ်အင်မတန်များသယောင် ပွတ်ပြမည်။ သို့သော် သင်မသိသေးသည့်အချက်ကား
စကီလေးများအား တစ်ယောက်ဖုန်းနံပတ်တခု ပေးပြီး ကီးပက်ဟန်းဆက် အတော်များများအား ကားထဲတွင် ဟိုချောင်ထိုး ဒီချောင်ထိုး ထားလေ့ရှိသည်။
၆။ ဘီးကျဲတို့၏ ရည်ရွယ်ချက်
၎င်းတို့သည် ရည်းစားဟူ၍လည်း သတ်သတ်မှတ်မှတ် မထားလိုပေ။ ဒီစကီလေးနဲ့ခနတွဲ၊ ခနနေ နောက်စကီလေးပြောင်း၊ အတည်တကျ အိမ်ထောင်ပြုဖို့ရန် တော်တော်ဝေးသေးသည်။ မိဘများမှ အိမ်ထောင်ပြုရန် ပြောသော်လည်း စိတ်မဝင်စားသလို၊ တစ်ကိုတည်းပဲ နေချင်သလို ပြန်ပြောမည်။ အမှန်တွင်တော့ အိမ်ထောင်ပြုလိုက်လျှင် မကဲရသောကြောင့် ဖြစ်သည်။
သင်သိသော အချက်များအားလည်း အကြံပေးစေလိုသည်……
smile emoticon
Credit: Han Maw Kaung
Lutaw Lupyaw
No comments:
Post a Comment