Lutaw Lupyaw
"ညီမလေး… မင်းအတွက်"
အသဲကွဲရင်း မင်း လမ်းလျှောက်တဲ့အခါ ခလုတ်တိုက်ရင်း တလိုက်တဲ့ “အမေ့” ကို မင်း သတိပြုမိရဲ့လား…? မေမေပေးတဲ့ခြေအစုံကို မင်း ဂရုစိုက်သင့်တယ်။
အသဲကွဲရင်း မင်း ၀ိုင်နှစ်ခွက် မော့တဲ့အခါ မင်းလက်တွေ တုန်နေတာကို သတိပြုမိရဲ့လား…? မေမေပေးတဲ့ လက်တစ်စုံကို မင်း တန်ဖိုးထားသင့်တယ်။
အသဲကွဲရင်း မင်း အားပါးတရ ငိုကြွေးတဲ့အခါ မင်းနှလုံးသားတို့ နာကျင်တာကို သတိပြုမိရဲ့လား…? မေမေပေးတဲ့ နှလုံးသားတစ်စုံကို မင်း မနှိပ်စက်မိစေနဲ့လေ။
အသဲကွဲရင်း အသဲကွဲကြောင်း အော်ရင်း အသဲကွဲခဲ့တယ်လို့ တွေးမိတဲ့အဖြစ် စဉ်းစားရင်း အပိုတွေနဲ့ ရူးသွပ်နေတာကို မင်း သတိပြုပြီး ရပ်ပါတော့။ မေမေပေးတဲ့အသည်းက တစ်စုံထက်ပိုပြီး မင်းမှာ အပို ပါမလာခဲ့ဘူး မဟုတ်လား…?
ဘာဖြစ်ဖြစ် မင်းရဲ့အနာဂါတ်ကို အသဲကွဲခြင်းနှင့် မစလိုက်နဲ့။ မနက်ဖြန်တိုင်းမှာ မင်းအပြုံးတွေကို မင်းမေမေနဲ့အတူ မျှော်လင့်လင့်နေတဲ့သူတွေ ရှိတယ်။
Credit: ကြည်ဖြူခင်ခင်
Lutaw Lupyaw
No comments:
Post a Comment