Lutaw Lupyaw
"အချစ်စစ်မှန်ရင်"
မိန်းမတစ်ယောက်ဟာ ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်ကြောင်း လူတွေအများကြီးသိအောင် အသက်ပေးပြီး သက်သေပြစရာ မလိုအပ်ပါဘူး။
ကိုယ့်ချစ်သူကို ဘယ်လောက်ပင် ချစ်ကြောင်း သူ့အတွက် ဘယ်လောက်ပေးဆပ်နိုင်ကြောင်း လူတွေကိုသိစေပြီး လေးစားဂုဏ်ယူပေးကြမယ့် အခြေအနေမျိုးဖြင့်လည်း အသက်ရှင်နေစရာ မလိုအပ်ပါဘူး။
ကိုယ့်ချစ်သူကို ချစ်နေချိန်မှာ ပျော်ရွှင်ဖွယ် စကားလေးများနဲ့ သာယာချိုအေးစွာ ပြောဆိုပြုမူတတ်ပြီး ကြင်နာစွာ ဂရုတစိုက် ဆက်ဆံပေးကာ ချစ်သူဆန္ဒနှင့် ကိုယ်ကိုယ်တိုင် တထပ်တည်းကျစေခြင်းငှာ စွမ်းဆောင်ပေးပြီးတော့ ချစ်သူနဲ့ ဝေးကွာနေစဉ်မှာ ချစ်သူအား နှစ်သိမ့်အားပေးလျှက် နားလည်မှုမပျက်စေပဲ ချစ်သူ့အပေါ် သစ္စာရှိခြင်းဖြင့်သာ ဘ၀ကို ကျေနပ်၍ ကြည်နူးစွာ ဖြတ်သန်းတတ်ဖို့်၊ ချစ်သူက စွန့်ပစ်သွားသည့်တိုင် ရင်ထဲမှာ ရောင့်ရဲနိုင်စွာနှင့် ချစ်သူအား မေတ္တာအနည်းငယ်ပင် မပျက်စေပဲ မပြောင်းလဲသည့် အချစ်နှင့် အပြုံးမပျက်ပဲ ဘ၀ကို အဓိပါယ်ရှိစွာ ဖြတ်သန်းရင်း လူတွေသိသိမသိသိ ကိုယ့်ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းကို ကိုယ်ကိုယ်တိုင်ပပဲ တိတ်တစိတ် သိနေဖို့ရန် လိုအပ်ပါသည်။
Credit: ကြည်ဖြူခင်ခင်
Lutaw Lupyaw
No comments:
Post a Comment