Lutaw Lupyaw
"ခေါင်းဆောင်ကောင်းဆိုတာ"
ခေါင်းဆောင်ကောင်းဆိုတာ
ငွေကြေးချမ်းသာဖို့ထက် ဂုဏ်သိက္ခာချမ်းသာဖို့က ပိုအရေးကြီးတယ်။
ခေါင်းဆောင်ကောင်းဆိုတာ
အုတ်ရိုးနဲ့ တည်ဆောက်ထားတဲ့ နန်းတော်ကြီး ပိုင်ဆိုင်ဖို့ထက် ပြည်သူ့နှလုံးသားနဲ့ တည်ဆောက်ထားတဲ့ မေတ္တာနန်းတော်ကြီး ပိုင်ဆိုင်ဖို့ ပိုပြီး အရေးကြီးတယ်။
ခေါင်းဆောင်ကောင်းဆိုတာ
စိန်တွေ၊ ရွှေတွေ စီခြယ်ထားတဲ့ သရဖူကို ဦးခေါင်းမှာဆင်မြန်းဖို့ထက် အကျင့်သီလ သန့်စင်ခြင်းဆိုတဲ့ ခေါင်းပေါင်းကိုသာ ဦးခေါင်းမှာ ဆင်မြန်းဖို့ ပိုအရေးကြီးတယ်။
ခေါင်းဆောင်ကောင်းဆိုတာ
ကိုယ်မွေးထားတဲ့ သားသမီးတွေက ကိုယ့်ကိုချစ်ဖို့ထက် တိုင်းသူပြည်သားတွေက ကိုယ့်ကိုချစ်ဖို့ ပိုပြီးအရေးကြီးတယ်။
ဦးဘုန်း-ဓာတု (မန်းလေး)
Lutaw Lupyaw
No comments:
Post a Comment