Lutaw Lupyaw
၁။ လွဲမှားတဲ့ အတွေးအခေါ် အယူအဆတွေနဲ့ ရှင်သန်နေရတဲ့ ဘ၀ရဲ့ ပြုမူချက်တိုင်း၊ အချိန်တိုင်းက မင်းဘ၀ကို သေဆုံးစေဖို့ အဆိပ်ရည် သောက်သုံးနေရတာနဲ့ ဘာမှကို မထူးဘူး။
၂။ ကိုယ်ဘာကောင်လဲ မသိသေးသရွေ့ ကိုယ်ဘာလုပ်သင့်တယ်ဆိုတာ မင်းသိနိုင်မှာ မဟုတ်ဘူး။ ဒီတော့ လုပ်သင့်၊ မလုပ်သင့် လောကကြီးထဲမှာပဲ ယောင်လည်လည်နဲ့ မင်းဘာကောင်မှ ဖြစ်လာတော့မှာ မဟုတ်ဘူး။ (ဘာကောင်မှန်းမသိသေးသရွေ့ ဘာကောင်မှ ဖြစ်မလာနိုင်)
၃။ ထမင်းစား နေရုံနဲ့တော့ မင်းကိုယ်ခန္ဓာကြီးပဲ ကြီးလာမှာပေါ့။ ဘာမှသုံးစားလို့ မရနိုင်ဘူး။ အဓိက ကြီးရမှာက မင်းရဲ့ဦးနှောက်၊ ဦးနှောက် ကြီးချင်ရင်တော့ အသိဥာဏ်၊ ဗဟုသုတ များနိုင်သလောက် များအောင်စား။ ဒါဆိုမင်း သုံးလို့ရပြီ။
၎။ မနေ့က လုပ်ခဲ့တာတွေ၊ ဒီနေ့ လုပ်ရမယ့်အရာတွေ၊ မနက်ဖြန် လုပ်တော့မယ့်ဟာတွေ ဘယ်လိုလုပ်ရမယ်ဆိုတာ မင်းသိနေပြီလား။ ပြောချင်တာကကွာ မင်းကြောင့် မင်းဘယ်အဆင့်၊ ဘယ်အခြေအနေမျိုး ရောက်နေပြီလဲဆိုတာ သိအောင်လုပ်၊
၅။ ငါ မာနမကြီးဘူး ဆိုတဲ့ လူတစ်ချို့တောင်မှ "မာန မကြီးဘူး" ဆိုတဲ့ မာနတံခွန် လောက်တော့ လွှင့်ထူပြ နေကြလေရဲ့။
၆။ ၁၀ ဆိုတာ ၉ ထက် အမြဲတမ်း သာနေမှာပဲ။ ယောင်လို့တော့ ၁၀ ကို ၀၁ ဖြစ်အောင် မလုပ်မိစေနဲ့။ ဘာမှကို ရစရာရှိမှာ မဟုတ်တော့ဘူး။ အေး အဲဒီလိုပဲ မင်းအဆင့် ၁၀ လောက်ရှိရင် ၁၀ အဆင့်နဲ့ တန်အောင်နေ။ ယောင်လို့တော့ မဟုတ်တာ မလုပ်လိုက်နဲ့။ မင်းဘ၀ ၀၁ အဆင့်တောင် ရှိမှာ မဟုတ်တော့ဘူး။
၇။ လောကကြီးထဲက လူသားတွေဟာ အချစ်ဆုံးရဲ့ သစ္စာဖောက်မှုကို ခံနေကြရတယ်။ (အတ္တာ သမာ ပေမံ နတ္ထိ)
၈။ အလှတရားက ကမ္ဘာပေါ်မှာ အရက်စက်ဆုံး၊ အကြမ်းတမ်းဆုံး အရာတွေကို ဖြစ်ပေါ်အောင် လုပ်ဆောင် ပေးနေတယ်။
၉။ အခု မင်းရဲ့လိမ်ညာခြင်းဟာ နောင်တစ်ချိန် မင်းအတွက် မီးတောင်ကြီး တစ်ခုပါပဲ။ (လိမ်ညာဖို့ စတင်ခြင်းက မီးတောင်တစ်ခု အစပြုစေတယ်)
၁၀။ ရဟန်းဆိုတာ ပညာတတ်နေရုံနဲ့ အကျိုးမပြီးဘူး။ အဓိက အရေးကြီးဆုံးက သီလရှိဖို့ပဲ။
၁၁။ အရာရာကို သတိထားခြင်းက သင့်ဘ၀အတွက် ပြည့်စုံမှုကို ဖြစ်စေတယ်။
အရှင်ဇနက (ဇလွန်) နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်)
Credit: Dream
Lutaw Lupyaw
No comments:
Post a Comment