Monday, December 7, 2015
"အိမ်ထောင်သည်များ တစ်နေရာတည်း အလုပ်အတူတွဲလုပ်တာ စိတ်ပျော်ရွှင်ခံစားမှု အကျိုးကျေးဇူး ထပ်တူရစေ"
"အိမ်ထောင်သည်များ တစ်နေရာတည်း အလုပ်အတူတွဲလုပ်တာ စိတ်ပျော်ရွှင်ခံစားမှု အကျိုးကျေးဇူး ထပ်တူရစေ"
မိမိလက်တွဲဖော်နဲ့ တစ်အိမ်တည်းနေတဲ့အပြင် တစ်ရုံးတည်း တစ်ခန်းထဲမှာ အလုပ်ပါ အတူ တွဲလုပ်တာမျိုးက ပျော်ရွှင်မှု ထပ်တူရရှိစေနိုင်ကြောင်း လေ့လာမှု အသစ်တစ်ရပ်မှ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် အိမ်ထောင်သည်များ စိတ်ပျော်ရွှင်မှု အကျိုးရလဒ်များရရှိဖို့ မခဲယဉ်းတော့ပါ။
စိတ်ပျော်ရွှင်မှုနဲ့ ပတ်သက်လာရင် လူငယ်စုံတွဲတွေ အထူးသဖြင့် အမျိုးသမီးများက အိမ်ထောင်ပြုတဲ့အခါ လူ့အသိုင်းအဝိုင်းထဲ ဝင်ဆံ့ကြကြောင်း အိုဟိုင်းအိုးပြည်နယ် တက္ကသိုလ်မှ လေ့လာမှုအရသိပါတယ်။
၂၀၀၀ ခုနှစ်များအတွင်း စုစည်းထားတဲ့ ဒေတာတွေအသုံးပြုကာ သုတေသီတွေက တစ်ကိုယ်ရေတစ်ကာယ လူငယ်အမျိုးသမီးတွေဟာ ရိုမန်တစ်ဆန်တဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်နဲ့ အတူတွဲလုပ်ရတဲ့အခါ စိတ်သောကဖြစ်မှု လျော့နည်းကြကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
သို့သော် ချစ်သံယောဇဉ် စဖြစ်တဲ့အချိန်ကနေ အတူတွဲလုပ်တဲ့ လူငယ်တွေဟာ အမျိုးသားရော အမျိုးသမီးပါ နောက်လိုက်တွဲဖော် ရသွားသည်ဖြစ်စေ၊ အိမ်ထောင် ပြုဖြစ်သွားသည်ဖြစ်စေ ပိုမိုကောင်းမွန်တဲ့ ခံစားချက် ထပ်တူရရှိကြတယ်။
အဲဒီလေ့လာတွေ့ရှိချက်က ယနေ့ခေတ် လူငယ်တွေကြား အိမ်ထောင်ပြုခြင်း အခန်းကဏ္ဍကို အမျိုးတဖုံ ပြောင်းလဲစေကြောင်း Sara Mernitz က ဆိုပါတယ်။
Ref: TOI
Credit: Trend Myanmar
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment