Saturday, December 5, 2015

"ခင်မင်မှု"

"ခင်မင်မှု"

ဘဝတစ်ကွေ့ ခဏတွေ့ရတဲ့
သူငယ်ချင်းတို့ရေ…
ခင်မင်မှုဆိုတာ
ထာဝရ ချမ်းမြေ့စေတဲ့အရာပါ။
အမှတ်တမဲ့နဲ့ တွေ့ဆုံ ခင်မင်ခဲ့မှုတွေက အမှတ်တရအဖြစ်သို့
အရောင်ဆိုး ပြောင်းလဲမပစ်ပါနဲ့။
အရောင်တွေစွန်းထင် နာကျင်နေကြမှာ စိုးလို့ပါ။
ခင်မင်မှုဆိုတာ အတိုင်းအတာ မရှိပါဘူး။
ဒါပေမဲ့
အချိန်ကာလကတော့ မေ့လျှော့ခြင်းတွေကို မွေးဖွားပေးတတ်ပါတယ်။
တွေ့ဆုံခြင်း
ခင်မင်ခြင်း
ဆုံစည်းခြင်းရဲ့နောက်မှာ
ခွဲခွာခြင်းဆိုတာ ရှိပါတယ်။

သူငယ်ချင်းများအားလုံးလဲ အချိန်တန်ရင် ပျော်ရွှင်စွာ အိမ်ပြန်နိုင်ကြပါစေ……။

Credit: Pote Pote


No comments:

Post a Comment