Wednesday, December 9, 2015

"နှစ်သက်ကျေနပ်မှုကို မပေးနိုင်သော"


"နှစ်သက်ကျေနပ်မှုကို မပေးနိုင်သော"

နှစ်သက်ကျေနပ်မှုကို မပေးနိုင်သော ယောက်ျားသားများ……

မိန်းကလေးများ အမြင်မှာ နှစ်သက်ကျေနပ်မှုကို မပေးနိုင်သော ယောက်ျားသားများ
၁။ သဘောထား သေးသိမ်သော ယောက်ျားများ
၂။ ခေတ်ရေစီးကြောင်းကို အလွန်အကျွံ လိုက်စားတတ်သော ယောက်ျားများ
၃။ အားနွဲ့ဟန်၊ သိမ်မွေ့ဟန် ဆောင်တတ်သော ယောက်ျားများ
၎။ ကပ်စီး အရမ်းနည်းတတ်သော ယောက်ျားများ
၅။ သူတပါးအတွက် စဉ်းစားပေးလေ့မရှိပဲ ကိုယ့်အကြောင်းကိုသာ ကြည့်တတ်သော တကိုယ်ကောင်းဆန်သော ယောက်ျားများ
၆။ ရည်းစားဘ၀မှာ ကိုယ့်ရဲ့ ချစ်သူကို event တစ်ခုတစ်လေတောင် လုပ်မပေးတတ်သော ယောက်ျားများ
၇။ စကားအလွန်များသော ယောက်ျားများ
ဂ။ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲပြီး မသုံးတတ်၊ မစွဲတတ်သော ယောက်ျားများ
၉။ သူငယ်ချင်းများကို ဆဲဆိုနေတတ်သော ယောက်ျားများ
၁၀။ အပြောင်းအလဲ မြန်ဆန်သော ယောက်ျားများ
၁၁။ နှာဘူးကျလွန်းပြီး အသားအရမ်းယူတတ်သော ယောက်ျားများ။

ဒီလို ယောက်ျားအမျိုးအစားများကိုတော့ မိန်းကလေးများက မနှစ်သက်ကြပါဘူးတဲ့။ ဒါဟာလည်း လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ မိန်းကလေးအားလုံးဟာ ဒီလိုပါလို့တော့ ပြောလို့မရပါဘူး။

ယောက်ျားသားများ အမြင်မှာ သိပ်နှစ်သက်ဖွယ် မကောင်းသော မိန်းမများ……

ယောက်ျားများ အမြင်မှာ နှစ်သက်ကျေနပ်မှုကို မပေးနိုင်သော မိန်းမများ
၁။ အရမ်းကို over ဖြစ်နေတတ်တဲ့ မိန်းကလေးများ
၂။ မိတ်ကပ်ကို ပြစ်ထူနေအောင် လိမ်းတတ်သော မိန်းကလေးများ
၃။ ဆေးလိပ်သောက်တတ်သော မိန်းကလေးများ
၎။ သူများစကားကို နားထောင်လေ့ မရှိဘဲ သူပြောချင်တာကို စွတ်ပြောတတ်သော မိန်းကလေးများ
၅။ သူ့ပိုက်ဆံ အကုန်သက်သာအောင် အနားကို အတင်းကပ်နေတတ်သော မိန်းကလေးများ
၆။ အစစ်အမှန်ဆိုတာကို သူ့ရဲ့ကိုယ်မှာ ရှာလို့ မတွေ့နိုင်သော မိန်းကလေးများ
၇။ အမြဲတမ်း အလွဲလွဲ အချော်ချော်များကိုပဲ လုပ်နေတတ်သော မိန်းကလေးများ
၈။ အဆဲအဆို သန်သော မိန်းကလေးများ
၉။ လုံးဝကို ပြင်ပြင်ဆင်ဆင် မနေတတ်သော မိန်းကလေးများ
၁၀။ သူသာ တလောကလုံးမှာ အတော်ဆုံး၊ အတတ်ဆုံးဟု ထင်တတ်ကြသော မိန်းကလေးများ
၁၁။ ယောက်ျားတစ်ယောက်ကို အရာဝထ္ထု တစ်ခုလို သဘောထားတတ်ကြသော မိန်းကလေးများ။

ဒီလို မိန်းကလေးမျာကိုတော့ အမျိုးသာများက သိပ်ပြီး မနှစ်သက်ကြပါဘူတဲ့။ လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ မတူနိုင်တဲ့ အချက်တွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ယေဘူယျ သဘောတရားကို ဖော်ပြထားတာမို့ မှားတယ် မဆိုနိုင်ပါဘူး။ ဒီစာကို ဖတ်မိတဲ့ အမျိုးသမီးများကတော့ ကိုယ်ဟာဒီ ၁၁ မျိုးထဲမှာ မပါဘို့ ရှောင်သင့်တာ ရှောင်နိုင်တာပေါ့နော်။

Credit: လက်တွဲဖော်

No comments:

Post a Comment