Thursday, December 24, 2015

"မျက်စိ ညောင်းညာ အားနည်းခြင်း လျော့နည်းစေမယ့် လေ့ကျင့်ခန်းလေး"



Lutaw Lupyaw

"မျက်စိ ညောင်းညာ အားနည်းခြင်း လျော့နည်းစေမယ့် လေ့ကျင့်ခန်းလေး"

မျက်စိညောင်းညာခြင်းနဲ့ ကျိန်းစပ်ခြင်းကြောင့် မကြာခဏ ပွတ်မိပါသလား။ ကွန်ပျူတာ စခရင်မ်မျက်နှာပြင်၊ မိုဘိုင်းလ်ဖုန်းများ နေ့စဉ်နဲ့အမျှ ထိတွေ့နေခြင်းကြောင့် လူအများအပြားဟာ အမြင်အာရုံ ဝေဝါးခြင်း၊ မျက်လုံးယားကျိကျိဖြစ်ခြင်းနဲ့ နေ့စဉ် ခေါင်းကိုက်မှု ဖြစ်ပွားခြင်းတွေ တွေ့ကြုံကြရပါတယ်။

မျက်စိကို အားသစ်ဖြစ်စေပြီး မျက်စိအားနည်းခြင်းကို လျော့နည်းစေမယ့် လေ့ကျင့်ခန်း ရိုးရိုးရှင်းရှင်းလေးတစ်ချို့ ရှိပါတယ်။

လက်ဖဝါးပွတ်နည်း

လက်ကလေးများကို အနည်းငယ် နွေးလာတဲ့အထိ တစ်ခုနဲ့တစ်ခု ၁၀ မိနစ် ၁၅ မိနစ်ခန့် ပွတ်ပေးပြီး လက်တွေကို မျက်လုံးပေါ် တင်ထားပေးပါ။ မျက်လုံးများကိုတော့ တိုက်ရိုက် သွားမထိမိပါစေနဲ့။ လက်ခလေးကို မျက်လုံးပေါ် ဖွဖွလေးသာ တင်ထား ရမှာဖြစ်ပါတယ်။

မျက်တောင် ပေကလတ် ပေကလတ်ခတ်ပေးပါ

မျက်စိအားနည်းမှု လျော့ကျစေဖို့ ၃ မိနစ် သို့မဟုတ် ၄ မိနစ်တစ်ခါ မျက်တောင် ပေကလတ် ပေကလတ် ခတ်ပေးပါ။ တီဗွီကြည့်တဲ့အချိန် သို့မဟုတ် ကွန်ပျူတာနဲ့ အလုပ်လုပ်တဲ့အခါ ကျွန်ုပ်တို့ မျက်တောင်ခတ်ချိန် ပိုနည်းကြပါတယ်။ မကြာမကြာ မျက်တောင်ခပ်ခြင်းဖြင့် မျက်စိကို အနားပေးပါ။

အဝေးသို့ စူးစိုက်ကြည့်ပါ

မိမိနဲ့ ၆ ပေ ၁၀ ပေ ခန့် ကွာဝေးတဲ့ အရာဝတ္ထုတစ်ခုခုကို ရွေးချယ်သတ်မှတ်ပြီး ခေါင်းမလှုပ်ရှားဘဲ စက္ကန့်အနည်းငယ် အာရုံစူးစိုက်ကြည့်ပါ။ ဒီအချက်က မျက်စိ ရွေ့ရှားပေးတဲ့ ကြွက်သားကို အနားရစေပြီး စိတ်ဖိစီးမှုကို ထိန်းချုပ်ပေးလေ့ရှိပါတယ်။

မျက်စိလှုပ်ရှားပေးခြင်း

မျက်လုံးကို ဝိုင်းနိုင်သလောက်ဝိုင်းအောင် လုပ်ပြီး မျက်စိကို လှုပ်ရှားကြည့်ပါ။ အဲဒီအတိုင်း ၄ ခါလောက် ဆက်တိုက်လုပ်၊ မျက်စိမှိတ်ပြီး အသက် ပြင်းပြင်း ရှူ၊ ထုတ် လုပ်ပြီး စိတ်ကို ငြိမ်အောင်ထားပါ။

Ref: Indiatimes

Credit: Trend Myanmar



Lutaw Lupyaw

No comments:

Post a Comment