Lutaw Lupyaw
"အသက် ၂၅ နှစ်မှ ၃၅ နှစ်အတွင်း ကလေးစမွေးသူတွေဟာ ၄၀ ကျော်ချိန်တွင် ပိုကျန်းမာ"
အမျိုးသမီးတွေဟာ အသက်အရွယ် ရလာတာနဲ့အမျှ သူတို့ရဲ့ သန္ဓေအောင်နှုန်း ကျလာတတ်ပါတယ်။ ခေတ်သစ်ရဲ့ ဖိအားတွေအောက်မှာ အမျိုးသမီးတွေဟာ မိခင်တစ်ယောက် ဖြစ်လာဖို့ကို နောက်ကျနေကြပါတယ်။ ကိုယ့်ရဲ့ အလုပ်အကိုင်၊ ဘဏ္ဍာရေး ဖိအားတွေပေါ် အာရုံစိုက်နေကြရင်းနဲ့ပေါ့။
ဆုံးဖြတ်ဖို့ဆိုတာ ခက်ခဲပေမဲ့၊ အသက်ပိုကြီးတဲ့ အမျိုးသမီးတွေအတွက် မျှော်လင့်ချက်ရောင်ခြည် သန်းခဲ့ပါပြီ။ အသက် ၂၅ နှစ်ကနေ အသက် ၃၅ နှစ်အတွင်းမှာ ကလေးစမွေးတဲ့ အမျိုးသမီးတွေဟာ အသက် ၄၀ ကျော်လာတဲ့အချိန်မှာ ပိုပြီး ကျန်းမာကြတယ်ဆိုတဲ့ လေ့လာမှုသစ်တစ်ရပ် ထွက်ပေါ်လို့ လာလို့ပါပဲ။
အသက် ၁၅ နှစ်ကနေ အသက် ၂၄ နှစ် အတွင်းမှာ ကလေးစမွေးတဲ့ အမျိုးသမီးတွေ အနေနဲ့ကတော့ သက်လတ်ပိုင်းမှာ ကျန်းမာရေး မကောင်းတတ်ကြပါဘူး။ ဆက်လက်လေ့လာတဲ့အခါမှာ ဆယ်ကျော်သက် မိခင်တွေနဲ့ အသက် ၂၀ ကျော် အစောပိုင်းကာလတွေမှာ ပထမဆုံးအကြိမ် ကလေးမွေးတဲ့ မိခင်တွေရဲ့ ကျန်းမာရေးကတော့ ကွာခြားမှု မရှိဘူးလို့ ဆိုထားပါတယ်။
ဒီလေ့လာမှုဟာ ကလေးစမွေးတဲ့ အသက်အရွယ်နဲ့ ဆယ်စုနှစ်အကြာ ကျန်းမာရေးအကြား ဆက်စပ်မှုကို လေ့လာတဲ့ ပထမဆုံး အမေရိကန်နိုင်ငံမှ လေ့လာမှုဖြစ်ပါတယ်။ အမေရိကန်မှာ အသက် ၂၀ ကနေ ၂၄ နှစ်ကြား ကလေးစမွေးတဲ့ မိခင် အရေအတွက်ဟာ သုံးပုံတစ်ပုံရှိကြောင်း National Vital Statistics ကနေ မကြာသေးမီက ထုတ်ပြန်ခဲ့ပါတယ်။
( Skyler )
သစ်ထူးလွင်(ကျန်းမာရေး)
Lutaw Lupyaw
No comments:
Post a Comment