Thursday, December 31, 2015

"New Year ညမှာ များသွားတဲ့သူတွေ နောက်နေ့ အရက်နာကျတာ သက်သာစေဖို့ နည်းလမ်းများ"



Lutaw Lupyaw

"New Year ညမှာ များသွားတဲ့သူတွေ နောက်နေ့ အရက်နာကျတာ သက်သာစေဖို့ နည်းလမ်းများ"

New Year မှာ အစွမ်းကုန်သောင်းကျန်းဖို့ အစီအစဉ်ဆွဲထားတဲ့ သူတွေအတွက် နောက်နေ့မနက်မှာ အရက်နာကျခြင်းက သက်သာစေဖို့ အရက်နာကျတဲ့အရှိန် ပြေပျောက်စေမယ့် နည်းလေးတွေ ပြောပြပေးလိုက်တယ်နော်။

(၁) ဗီတာမင် - ဘီ

သောက်ပြီး နောက်တစ်နေ့မှာ ဆိုးဆိုးရွားရွား ပိုခံစားရစေနိုင်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်း လည်ပတ်မှုမှတဆင့် ဗီတာမင် ဘီ တွေကို အရက်က သိသိသာသာ လျော့နည်းစေပါတယ်။ ဒါ့ကြောင့် အရက်စမသောက်မီ ဗီတာမင် ဘီ ၅၀ မီလီဂရမ် (၁) လုံးနဲ့ သောက်နေချိန်အတွင်း နောက်ထပ် (၁) လုံး သောက်ထားခြင်းက နောက်နေ့မနက် အရက်နာကျတာ လျော့နည်းစေနိုင်ပါတယ်။

(၂) ကိုယ်သောက်မယ့်အရက်ကို သတိထားရွေးတတ်ပါစေ။

အနက်ရောင်ပိုရင့်တဲ့ အရက်တွေမှာ အရက်နာကျမှုတွေ ဖြစ်စေတဲ့ အဆိပ်ပမာဏ ပိုမိုပါရှိတယ်။ အရက်နာကျခြင်း မရှိအောင် ပထဆုံးအနေနဲ့ Rum သို့မဟုတ် Whiskey တို့အစားVodka ဒါမှမဟုတ် Gin အရက်တို့ကို ဦးစားပေး ရွေးသောက်သင့်တယ်။

(၃) အစာအိမ်သက်တောင့်သက်သာရှိဖို့ ဂျင်းဖျော်ရည် ဖော်စပ်ပေးပါ။

ဂျင်းဟာ အရက်နာကျပြီဆိုရင် မကြာခဏဆိုသလို အစာအိမ်မအီမသာဖြစ်မှု ဖြေရှင်းဖို့ အကောင်းဆုံးဖြေဆေးတစ်မျိုးပါ။ ပျားရည်ပမာဏ များများခပ်ထားတဲ့ ဂျင်းအရည် ချိုချိုလေးမှာ ခန္ဓာကိုယ်အတွင်း အစာအာဟာအဖြစ်သို့ ပြောင်းလဲစေပြီး အရက်အာနိသင်ကို ဖယ်ရှားပေးတဲ့ သစ်သီးသကြားဓာတ်တွေ ပါဝင်ပါတယ်။ ဂျင်းရည် ခပ်ပျစ်ပျစ်သို့မဟုတ် ပါးပါးလေးလှီးထားတဲ့ ဂျင်းကို ဝါးစားပေးပါ။ ဒါ့အပြင်၊ ဂျင်းဆား/ပျားရည်စိမ်က အစာအိမ် မအီမသာဖြစ်မှုကို ရပ်တန့်စေပါလိမ့်မယ်။

(၄) အုန်းရည်သောက်ပါ

ရေများများသောက်ပေးခြင်း၊ ရေဓာတ်ပြန်လည်ဖြည့်ပေးခြင်းက အရက်မူးတဲ့ ညတစ်ညပြီးဆုံးလို့ ခေါင်းနှောက်မူးဝေခြင်း မရှိအောင် ကုသတဲ့ အမြန်ဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ အချိုရည်တွေထက် သန့်ရှင်းလတ်ဆတ်တဲ့ ရေတစ်ခွက်မှာ အီလက်ထရိုရိုက် ပိုများပါတယ်။ ငှက်ပျောသီးတစ်လုံးထက် ပိုတက်စီယမ် ပိုများပါတယ်။ အစာအိမ် မအီမသာဖြစ်မှုကိုတောင် ငြိမ်းသွားစေနိုင်တယ်။ အုန်းရည်မရှိ ဖြစ်နေပါက အီလက်ထရိုရိုက် Gatorade (အချိုရည်) သောက်ပေးပါ။ ရေသန့်ကိုတော့ အမြဲတမ်း သောက်ပေးသင့်ပါတယ်။

ပေါ်ထွန်း

Credit: Trend Myanmar



Lutaw Lupyaw

No comments:

Post a Comment