Thursday, December 10, 2015

"သင့်လက်တွဲဖော် သင့်ကို လိမ်ညာနေသလားဆိုတာ သိရအောင်"


"သင့်လက်တွဲဖော် သင့်ကို လိမ်ညာနေသလားဆိုတာ သိရအောင်"

လေ့လာတွေ့ရှိချက်တွေအရတော့ လက်ထပ်ထားတဲ့သူ၊ စေ့စပ်ထားတဲ့သူတွေထဲက ၆၀ ရာခိုင်နှုန်းဟာ အပြင်မှာ တခြားတစ်ယောက်နဲ့ တစ်ခါလောက်တော့ အိပ်ဖူးကြပါတယ်တဲ့။ သူတို့ရဲ့ ဇနီးမယားတွေကတော့ ဒီအကြောင်းကို လုံးဝကို မသိလိုက်ရတဲ့အဖြစ်ပေါ့။ ကဲ ဒီတော့ အိမ်ရှင်မတွေ၊ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ့် အနေအထားလေးတွေ ရှိပါတယ်။ အဲ့ဒီအတွက် ကိုယ့်ခင်ပွန်းယောက်ျား ကိုယ့်အပေါ် ဘယ်လိုဆက်ဆံနေသလဲ၊ သူ့မှာ ဘယ်လိုအကျင့်စရိုက်ရှိသလဲ စတာလေးတွေ ကြည့်ပြီး သူတို့ ကိုယ့်ကို လိမ်ညာနေသလားဆိုတာ ကြည့်ကြည့်ရအောင်။

၁။သူဟာ ရှေ့မှာလည်း အထပ်ထပ် အခါခါ လိမ်ခဲ့ဖူးပါတယ်။

ကိုယ့်ယောက်ျားဟာ တစ်ခါမက၊ နှစ်ခါမက ကိုယ့်ကို အထပ်ထပ်အခါခါ လိမ်ခဲ့ဖူးတယ်ဆိုရင် နောက်ပိုင်းလည်း သူ့ကို သတိထားစောင့်ကြည့်နေပေတော့။

၂။ အတ္တသိပ်ကြီးလွန်းတဲ့ ယောက်ျားမျိုး ဖြစ်တယ်ဆိုရင်လည်း သတိထားပါ။

စည်းမျဉ်းစည်းကမ်းတွေနဲ့ နေထိုင်ရအောင် ငါကဘာမို့လို့လဲ၊ ငါ့ကိုလာမချုပ်ချယ်နဲ့ နေချင်သလိုနေမယ်ဆိုပြီး အတ္တသိပ်ကြီးလွန်းတဲ့ ယောက်ျားမျိုးတွေကိုလည်း ထည့်မတွက်လို့မရပါဘူး။

၃။ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ဘယ်တော့မှ မထင်တဲ့သူကတော့ အန္တရာယ်ရှိပါတယ်။

သူ ဘယ်လောက်ပဲ အပြစ်တွေ ကျူးလွန်ကျူးလွန် သူ့ကိုယ်သူ အပြစ်ရှိတဲ့သူတစ်ယောက်လို၊ နောင်တမရသလို၊ သူမလုပ်ခဲ့သလို နေတတ်တဲ့ သူမျိုးဆိုရင်လည်း သတိသာထားနေပါတော့။

၎။ သူက လိမ်တဲ့ ညာတဲ့နေရာမှာ နံပါတ်တစ်ဆိုတဲ့ လူစားမျိုးဆိုရင်တော့ ပြောစရာတောင် မလိုဘူးနော်။

သူက ကိုယ်ကလွဲပြီး အခြားသူတွေဆိုရင် ပါးစပ်ထဲရှိသလို လျှောက်ပြောနေတော့တာပဲ ဆိုတဲ့လူမျိုးက ကိုယ့်ကိုရော အမှန်အတိုင်း ပြောမယ်လို့ ယုံကြည့်လို့ ဘယ်ရမှာလဲနော်။

၅။ သူ့မိသားစုဝင်တွေက လိမ်တတ်တဲ့သူတွေမို့လို့ သူလည်း လိမ်တတ်တာမျိုးတွေလည်း ရှိတတ်ပါတယ်။

သူ့မိဘတွေက အဲ့ဒီလို အကျင့်စာရိတ္တမျိုး ဖြစ်နေလို့ သူကလည်း လိမ်ညာတတ်တာမျိုး ရှိပါတယ်။ သူ့မိဘတွေရဲ့ စာရိတ္တကိုလည်း ထည့်တွက်ရမှာပါ။

၆။ သူဟာ မကြာသေးခင်က အလုပ်ပြုတ်သွားတာဆိုရင် သူ့ကို ပိုဂရုစိုက်ပေးပါ၊ စောင့်ကြည့်ပါ။

သူ သဘောကျနှစ်ခြိုက်တဲ့ အလုပ်ကနေ အကြောင်းတစ်ခုခုကြောင့် ထုတ်ပယ်တာမျိုး ခံလိုက်ရတဲ့အချိန်မျိုးတွေမှာ သူတို့တွေဟာ တစ်ခြား ချစ်ရေးချစ်ရာတွေဘက် စိတ်ရောက်သွားတတ်ပါတယ်။ ဒီလိုအချိန်တွေမှာ သူတို့ကို ပိုဂရုစိုက်ပြီး ကြင်ကြင်နာနာ နေထိုင်ပါ။ ပြီးတော့ စောင့်ကြည့်ပါ။

၇။ ကိုယ်နဲ့ အတူတူရှိတဲ့အချိန်တွေ နည်းလာတဲ့အခါ သူ ကိုယ့်အပေါ် စိတ်မ၀င်စားတော့တာကြောင့်ပါ။

တစ်အိမ်တည်း တူတူနေပေမယ့် ကိုယ်က တီဗီရှေ့မှာဆို သူက ကွန်ပျူတာတစ်လုံးနဲ့ အလုပ်တွေရှုပ်၊ ကိုယ်က အိပ်တော့မယ်ဆိုရင် သူက တော်တော်နဲ့မှ အိပ်ရာမ၀င်တာမျိုးတွေနဲ့ ကိုယ်နဲ့စကားပြောဖို့တောင် တော်တော်လေး ခေါ်ယူနေရပြီဆိုရင်တော့ သူဟာ ကိုယ့်အပေါ် စိတ်ဝင်စားမှု မရှိတော့လို့ပါပဲ။

၈။ သူဟာ ကိုယ်နဲ့ ယုယုယယ မနေတော့ဘူးဆိုရင် ဒါဟာလည်း တစ်ခြားတစ်ယောက်စီမှာ စိတ်ရောက်နေုလို့ပါပဲ။

အရင်ကလို သူ့ရင်ခွင်ထဲ အိပ်ပျော်သွားခဲ့ရတဲ့ ညမျိုးတွေ မရှိတော့ဘူးလား။ နှစ်ယောက်သား နမ်းတာ၊ ပွေ့ဖက်တာတွေ မရှိတော့သလောက်ပဲလား။ ညဘက်အိပ်ရင်တောင် တခြားဘက် မျက်နှာလည့်ပြီး အိပ်စက်တတ်နေပြီလား။ ဒီလိုအချက်မျိုးတွေ ရှိလာပြီဆိုရင်တော့ သူ့ဆီမှာ တစ်ခြားတစ်ယောက် ရှိနေပြီလို့ ခန့်မှန်းနိုင်ပါတယ်။

၉။ သူ့ကွန်ပျူတာမှာ password တွေ ခံထားတာမျိုးတွေ ရှိလာပြီဆိုရင်လည်း သူ့မှာ ဖုံးကွယ်စရာတွေ ရှိနေလို့ပါ။

အရင်ကဆို သူ့ကွန်ပျူတာကို ကိုယ်တိုင်ဖွင့်ပြီး ဓာတ်ပုံတွေ ကြည့်နေကျ၊ အခွေကြည့်နေကျ ခုတော့ ကွန်ပျူတာမှာတောင် password ခံထားလိုက်သေး။ မေးလ်ဆိုရင် ၀င်ကြည့်ဖို့ အဝေးကြီး။ တခြား folder တွေမှာ ဘာဆို ဘာမှ ကြည့်လို့မရအောင် သူက လုပ်ထားပြီဆိုရင်တော့ သူ့ဆီမှာ ကိုယ်မသိစေချင်တဲ့ အရာတွေ ရှိနေပါပြီ။

၁၀။ ဖုန်းကိုလည်း ကိုယ်ထိလို့တောင် မရတော့ဘူးဆိုရင် သူဟာ မသင်္ကာစရာ သိပ်ကောင်းနေပြီပေါ့။

အရင်ကဆို ကိုယ့်ရှေ့မှာ ဖုန်းကိုချပြီး ရေသွားချိုးရင် ချိုးတာပဲ၊ အိပ်ရင်အိပ်တာပဲ။ ခုတော့ ဖုန်းကို အင်္ကျီအိပ်ကပ်ထဲကကို မထုတ်ဘူး။ ဘယ်သွားသွား တကိုင်ကိုင်နဲ့ ကိုယ့်ရှေ့မှာတောင် ဖုန်းမပြောတော့တဲ့အထိ ဆိုရင်တော့ သူဟာ တော်တော်လေးကို မသင်္ကာစရာ ကောင်းနေပြီမို့ စောင့်ကြည့်ရမယ့် အခြေအနေ ရောက်နေပါပြီ။

ဟန်နီ

Credit: Trend Myanmar

No comments:

Post a Comment