Lutaw Lupyaw
"ဆဲဆိုတတ်တဲ့ သူငယ်ချင်း အပေါင်းအသင်းတွေက အကောင်းဆုံး သူငယ်ချင်းတွေ"
ယခုခေတ်မှာ လူတိုင်းလိုလို ဖရုဿဝါစာ စကားလုံးတွေကို သုံးနေကြပါပြီ။ တစ်ချို့ကတော့ သာမန်လူတွေထက်ကို ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေ ပိုသုံးတတ်ကြပါတယ်။ စကားပြော ယဉ်ကျေးပါတယ်ဆိုတဲ့ လူတောင် တစ်ခါတစ်လေ အမှတ်တမဲ့နဲ့ ဆဲတဲ့ စကားလုံးတွေ ထွက်လာတတ်ပါတယ်။ Elite Daily သတင်းစာကဖော်ပြခဲ့တဲ့ ဆောင်းပါးအရ ဆဲဆိုတတ်တဲ့လူတွေဟာ အကောင်းဆုံး သူငယ်ချင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘာလို့များပါလိမ့် -
၁။ သူတို့က ဝေ့လည်ကြောင်ပတ် မပြောတတ်ဘူး
ခင်ဗျားမကြိုက်တဲ့စကားကို သူတို့ ပြောဖို့ လိုလာပြီဆိုရင်တော့ ဝေ့လည်ကြောင်ပတ် မပြောတတ်ဘဲ အရောင်စုံ အဆဲလေးတွေနဲ့ လှလှပပ ဆဲဆိုပြီး ပြောတတ်ပါတယ်။
၂။ ဟန်မဆောင်တတ်တဲ့လူတွေလည်း ဖြစ်တယ်
မိုးမွှန်နေအောင် ဆဲနေတာဟာ ပုံဖမ်းသရုပ်ဆောင်ပြနေတာ မဟုတ်ဘူး။ ဒါဟာ သူတို့ရဲ့ ပင်ကိုယ်ပုံစံပဲ။ ကိုယ့်ရဲ့ တကယ့်စရိုက် အစစ်အမှန်ကို ဖုံးကွယ်ထားဖို့ မကြိုးစားတတ်တဲ့ လူတွေပေါ့။
၃။ သူတို့ဟာ လက်သီးပုန်းပြတတ်သူတွေ မဟုတ်ဘူး
ခင်ဗျားနောက်ကွယ်မှာ ခင်ဗျားကို မကောင်းပြောနေတတ်သူတွေ မဟုတ်ဘူး။ သူတို့စိတ်ထဲ ရှိတာကိုပဲ လုပ်ချ၊ ပြောချတတ်သူတွေ ဖြစ်တယ်။
၎။ သိပ်ပြီး ၀ါဒီမများသူတွေပေါ့။
လခွမ်းထဲမှ၊ သောက်ရေးမပါတာ။ ချီးတဲ့မှ။ ဒါတွေအားလုံးဟာ ပျော်စရာကောင်းတဲ့ စကားလုံးလေးတွေပါ။ ဒါတွေကို သင့်ပါးစပ်က ထုတ်ပြောလိုက်တဲ့အချိန်မှာ သင်ခံစားနေရတဲ့ မကောင်းတဲ့အရာတွေ၊ အနုတ်သဘောဆောင်တဲ့ ခံစားမှုတွေ တော်တော်များများ လောင်ကျွမ်း ပျောက်ကွယ်သွားပါတယ်။
၅။ ခင်ဗျားတို့ဘက်ကတောင် ရှေ့နေလိုက်ပေးမယ့် လူမျိုးတွေပေါ့။
ဖရုဿဝါစာ ဆဲဆိုတတ်တဲ့လူတွေဟာ သူနဲ့ ခင်မင်ရင်းနှီးသူတွေ အပါအ၀င် သူကိုယ်တိုင်အတွက် မားမားမတ်မတ် ရပ်တည်ပေးဖို့ တစ်ချက်ကလေးမှ မနှောင့်နှေးတတ်တဲ့ လူတွေပါ။ တစ်ယောက်ယောက်နဲ့ ရင်ဆိုင် ထိပ်တိုက်တွေ့ရမှာလည်း ရှောင်ရှားတတ်တဲ့လူတွေ မဟုတ်ဘူး။
၆။ သူတို့တွေက အသေရယ်ရတတ်တယ်
စကားပြောရင် ဆဲတာလေးထည့်လိုက်တာကိုက တစ်ခါတစ်လေ ရယ်ဖို့ ကောင်းတတ်ပါတယ်။ ဖရုသ၀ါစာ စကားလုံးတွေဆိုတာ ပင်ကိုယ်ကိုက ရယ်ရပြီးသားလေ။ အဲဒီ စကားလုံးတွေ စီကာပတ်ကုံး၊ တသီတသန်းကြီး ပြောပစ်လိုက်ရင် ပိုတောင် ရယ်ရဖို့ကောင်းသေး။
၇။ အဆဲသမားတွေနဲ့ ပေါင်းရတာ ငြီးငွေ့တယ်၊ ပျင်းတယ်လို့ကိုမရှိဘူး။
အဆဲသမားတွေဟာ စိတ်ပိုင်းဆိုင်ရာ ခံစားမှုလည်း ပြင်းထန်သလို၊ တီထွင်ဖန်တီးနိုင်စွမ်းလည်း ကောင်းတယ်။ ပြီးတော့ တကယ်ဂေါ်တဲ့လူတွေပေါ့။ ဒီလို ဘော်ဒါမျိုး ဘယ်သူက မလိုချင်ဘဲနေမလဲဗျာ။ မလိုချင်တဲ့လူ ဘယ်သူလဲသိလား။ အရူးတွေပဲ ဖြစ်မှာပေါ့။
ye wint
Credit: Trend Myanmar
Lutaw Lupyaw
No comments:
Post a Comment