Tuesday, December 1, 2015

"တက်တူးရှိတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ကိုကိုယ် ပိုပြီး တန်ဖိုးထားတတ်ကြတာကို တွေ့ရှိ"

"တက်တူးရှိတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ကိုကိုယ် ပိုပြီး တန်ဖိုးထားတတ်ကြတာကို တွေ့ရှိ"

လေ့လာမှု အသစ်တစ်ခုက ဆွေးနွေးတင်ပြလာတာကတော့ တက်တူးရှိတဲ့ အမျိုးသမီးတွေဟာ တက်တူးမရှိတဲ့ အမျိုးသမီးတွေထက် ပိုပြီး ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ကြတယ် ဆိုတာပါပဲ။

တက္ကဆက်ပြည်နယ် နည်းပညာတက္ကသိုလ်က သုတေသီတွေဟာ တက်တူးတွေနဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်တဲ့ အာရုံခံစားမှုနဲ့ ကျန်းမာ ပျော်ရွှင်တဲ့ဘ၀ ကြားမှာရှိတဲ့ ပတ်သက် ဆက်နွယ်နေမှုကို လေ့လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီ သုတေသနကိုတော့ ဒေါက်တာ Jerome Koch က ဦးဆောင်ပြီး အမျိုးသမီးတစ်ယောက်မှာရှိတဲ့ တက်တူး အရေအတွက်နဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်မှု အပါအ၀င် စိတ်ဖိစီးမှုတွေနဲ့ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှုတွေကို နှိုင်းယှဉ် လေ့လာကြည့်ခဲ့တာပဲ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ တက္ကသိုလ် ၆ ခု ကနေ လူဦးရေ ၂၃၉၅ ယောက်တို့ကို စစ်တမ်း ကောက်ယူလေ့လာခဲ့ပါတယ်။ ၆၇ ရာခိုင်နှုန်း ကတော့ လူဖြူတွေဖြစ်ကြပြီး ၅၉ ရာခိုင်နှုန်း ကတော့ အမျိုးသမီးတွေ ဖြစ်ကြကာ ၈၂ ရာခိုင်နှုန်းကတော့ အသက် ၁၈ ကနေ ၂၀ ကြား ဖြစ်ကြပါတယ်။

ထို သုတေသနအရတော့ တက်တူး ၄ ခုနှင့် အထက်ရှိတဲ့ အမျိုးသမီးတွေဟာ တက်တူး ၄ ခု မပြည့်တဲ့ အမျိုးသမီးတွေထက် "ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်မှု ပမာဏ သိသာထင်ရှားစွာ မြင့်မားနေတယ်" လို့ ထုတ်ပြန် ကြေညာထားပါတယ်။

ထပ်ပြီး ဖော်ပြထားတဲ့ သုတေသနရဲ့ ရလဒ်တစ်ခုကတော့ ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်မှု ပမာဏ မြင့်မားတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ဖို့ ကြိုးစားအားထုတ်မှု ၄ ကြိမ်ထက် မနည်း ရှိခဲ့ဖူးတာကိုလည်း တွေ့ရပြန်ပါတယ်။ ဒါပေမယ့် အကြောင်းအရာ မမှားသွားပါနဲ့။ ဒီလေ့လာမှုဟာ တက်တူးတွေနဲ့ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှု တွေရဲ့ ပတ်သက်မှုကို ဖော်ထုတ်ခဲ့တာ မဟုတ်ပါဘူး။ ယနေ့ခေတ် ယဉ်ကျေးမှုမှာ ပျံ့နှံ့ခေတ်စားလာတဲ့ တက်တူနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ အကြောင်းအရာတွေကိုသာ သုတေသန ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Ref:elitedaily.com

Credit: Trend Myanmar


No comments:

Post a Comment