Thursday, December 31, 2015

"လူတွေက သင်ခုချိန်ထိ တစ်ကိုယ်တည်းပဲလားလို့ မေးတဲ့မေးခွန်းအပေါ် ဘာ့ကြောင့် စိတ်အနှောင့်အယှက် မဖြစ်သင့်ဘူးဆိုတာ"

"လူတွေက သင်ခုချိန်ထိ တစ်ကိုယ်တည်းပဲလားလို့ မေးတဲ့မေးခွန်းအပေါ် ဘာ့ကြောင့် စိတ်အနှောင့်အယှက် မဖြစ်သင့်ဘူးဆိုတာ"

တကယ်တော့ ကိုယ်တစ်ကိုယ်တည်းဖြစ်ခြင်း၊ မဖြစ်ခြင်းက ဘယ်သူ့ကိုမှ မထိခိုက်သလို ဘယ်သူ့ကိစ္စမှလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်က လူတွေရဲ့ မှားယွင်းတဲ့၊ ၀မ်းနည်းစရာကောင်းတဲ့ အတွေးကတော့ တစ်ကိုယ်တည်းနေတယ်၊ ရည်းစားမရှိဘူး ဆိုတာနဲ့ သူ့မှာ ဘာများ ချို့ယွင်းချက်ရှိနေလို့လဲ၊ ဒါမှမဟုတ် ဒါပုံမှန်မဟုတ်ဘူးဆိုတဲ့ ရူးကြောင်ကြောင်အတွေးကို စတွေးတော့တာပဲ။

တကယ်တော့ လူ့ပတ်ဝန်းကျင်မှာ အရည်းအချင်းရှိပြီး တော်တဲ့၊ ထက်မြက်တဲ့ အမျှော်အမြင်ရှိသူတွေ၊ ချစ်စရာကောင်း၊ ခင်မင်စရာကောင်းသူတွေဟာ တစ်ကိုယ်တည်းသမားတွေ ဖြစ်နေကြတာ အများကြီးပါပဲ။ ဒါဆို သူတို့က ဘာ့ကြောင့်များ တစ်ကိုယ်တည်း ဖြစ်နေကြရတာလဲ။ အားလုံးထင်နေကြသလို ချို့ယွင်းချက်ရှိ နေလို့လား။ နိုး............ မဟုတ်ပါဘူး။

ပထမဆုံး ကိုယ့်ကိုကိုယ် ရိုးသားကြည့်မယ်ဆိုရင် ကိုယ့်ကိုကိုယ် အားမနာတမ်း သုံးသပ်ချက်တွေ ရှိလာပါလိမ့်မယ်။ ဥပမာ သင်ဟာ တစ်ကိုယ်တည်းသမား ဒါပေမယ့် သင်လုပ်နေရတဲ့ အလုပ်ကို သင် အချိန်တွေ ပိုပေးဖြစ်နေတယ်။ ဒါမှမဟုတ် မိသားစုအရေးက အရေးပိုကြီးနေတာတွေ ရှိတယ်။ အချစ်ဆိုတဲ့ အရာကို ဘ၀ထဲ သင်သွင်းမလာနိုင်သေးဘူး။ သင့်စိတ်ထဲမှာ ငါ လုပ်စရာရှိတာတွေ အရင်လုပ်ပြီးမှ ချစ်သူရည်းစားထာမယ် ဆိုတာမျိုး တွေးမိနိုင်ပါတယ်။

ဒါမှမဟုတ် သင်နဲ့ တွေ့ဆုံနေတဲ့သူတွေဟာ၊ တွဲပြီးခဲ့တဲ့သူတွေနဲ့ သင် အဆင်မပြေနိုင်ဘူး။ အခြေခံစိတ်နေစိတ်ထား၊ သဘောထားတွေ မတူညီသလို ပန်းတိုင်းချင်းကလည်း ကွဲပြားခြားနားလွန်းနေတယ်။ ဒီတော့ အဆင်မပြေတဲ့ အချစ်ရေးကို သင် စွန့်လွှတ်ပြီး တစ်ကိုယ်တည်းသမား ဘ၀နဲ့ သင် နေကြည့်တယ်။ သင် လေ့လာစရာရှိတာတွေ လေ့လာတယ်။ အဆင်ပြေပြေနေတယ်။ အချစ်ကို အတင်းကြီး ဇွတ်လိုက်ရှာ ရည်းစားထားတာမျိုး သင် မလုပ်မိဘူး။

နောက်တစ်ချက်က သင်ဟာ တစ်ကိုယ်တည်းဘ၀ကို မွှေ့လျော်နေမိတယ်။ ဘာ့ကြောင့်များလဲ။ သင့်တစ်ကိုယ်စာ သင်သာယာတယ်။ အပူအပင်မရှိဘူး။ ကိုယ်လုပ်ချင်တဲ့အရာတွေကို သူတစ်ပါးက ထိန်းချုပ်နေတာမျိုးတွေ သင် သဘောမကျဘူး။ ပြသနာတွေတက် ရန်တွေဖြစ်ရတဲ့ ဘ၀မျိုးတွေကိုလည်း သင် မလိုချင်ဘူး။ သင်ဟာ ကိုယ့်ဘ၀လေးနဲ့ကိုယ် အေးချမ်းစွာ နေထိုင်ချင်တဲ့စိတ် အပြည့်ရှိတယ်။

ဒီအချက်တွေကြောင့် သင်ဟာ တစ်ကိုယ်တည်းသမား ဖြစ်နေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အသည်းကွဲလို့၊ အချစ်ကံမကောင်းလို့လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

နောက်ထပ် ဘာ့ကြောင့်လူတွေ တစ်ကိုယ်တည်း ဖြစ်နေကြရသလဲဆိုတဲ့ အကြောင်းအရင်းတွေ အများကြီးထဲကမှ တစ်ခုကတော့ တိုင်ပင်ဆိုတာပဲ။ အချိန်ကိုက်ဖြစ်ခြင်း မဖြစ်ခြင်းပေါ့။ ဒီတော့ လူတွေ ကိုယ့်ကို ဘာပြောမလဲ၊ ဘယ်လို ဝေဖန်မလဲ ဂရုစိုက်နေခြင်းဟာ အပိုလုပ်တစ်ခုလို့ တွေးတောတာ ပိုကောင်းပါတယ်။

တစ်ခုရှိတာက… သင်ဟာ စမတ်ကျပြီး အလုပ်အကိုင်မှာ အောင်မြင်ပျော်ရွှင်တဲ့သူ၊ လူတိုင်းနဲ့ အဆင်ပြေတဲ့သူ တစ်ယောက် ဖြစ်နေလျက်နဲ့ ခုချိန်ထိ တစ်ယောက်တည်းပဲလားလို့ မေးမြန်းတာဟာ သူတို့ သင့်ကို အားကျနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။

မေသော်

Credit: Trend Myanmar



Lutaw Lupyaw

No comments:

Post a Comment