Lutaw Lupyaw
"ကျွန်မနှင့်ဘ၀"
လက်ကလေး မလှပေမယ့်
လက်ရေးလှအောင် ရေးတတ်ခဲ့သည်…။
ဆရာတော့ မဟုတ်ပေမယ့်
ကဗျာတော့ဖြစ်အောင် ရေးတတ်ခဲ့သည်…။
ရုပ်ကလေး မလှပေမယ့်
နှလုံးသားလှအောင် နေတတ်ခဲ့သည်…။
ဘ၀လေး မလှပေမယ့်
အတ္တပါးအောင် နေတတ်ခဲ့သည်…။
အပြုံးတွေ မွဲပေမယ့်
အမုန်းတွေနည်းအောင် နေတတ်ခဲ့သည်…။
အရှုံးတွေ များပေမယ့်
အဆုံးထိရောက်အောင် လှမ်းတတ်ခဲ့သည်…။
ဂရုစိုက်သူ မရှိပေမယ့်
အတုပိုက်သူတွေကြား ပျော်တတ်ခဲ့သည်…။
အခါခါ လဲပေမယ့်
နာကျင်ရက်နဲ့ ထတတ်ခဲ့သည်…။
အကြိမ်ကြိမ် သေခဲ့ပေမယ့်
မျှော်လင့်ချက်နဲ့ ရှင်တတ်ခဲ့သည်…။
ဒဏ်ရာများစွာ ပိုင်ခဲ့ပေမယ့်
ကြယ်တာရာများနှင့်အပြိုင် လင်းလက်ချင်သူမှာ
ကျွန်မသာလျှင် ဖြစ်ပါ၏…။
Credit: ကြည်ဖြူခင်ခင်
Lutaw Lupyaw
No comments:
Post a Comment