Wednesday, December 9, 2015
"ငါးကြီးဆီ နေ့တိုင်းစားပေးခြင်းက မျက်ရည်ခန်းခြောက်တဲ့ရောဂါကို ကူညီ တိုက်ဖျက်ပေးနိုင်"
"ငါးကြီးဆီ နေ့တိုင်းစားပေးခြင်းက မျက်ရည်ခန်းခြောက်တဲ့ရောဂါကို ကူညီ တိုက်ဖျက်ပေးနိုင်"
နေ့စဉ် ငါးကြီးဆီစားပေးခြင်းက မျက်ရည်ခန်းခြောက်တဲ့ ရောဂါကြောင့် အမြင်အာရုံ ပျက်ယွင်းမှုကနေ ကာကွယ်ပေးနိုင်ကြောင်း လေ့လာ တွေ့ရှိခဲ့ရပါတယ်။
Omega-3 fatty acid ပါဝင်တဲ့ ငါးကြီးဆီကို နေ့စဉ် မှီဝဲပေးခြင်းဟာ နှလုံးနှင့် သွေးလမ်းကြောဆိုင်ရာ ရောဂါတွေဖြစ်တဲ့ နှလုံးဖောက်ခြင်းနဲ့ လေသင်တုန်း ဖြတ်တာတွေကို ကာကွယ်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိကြောင်း ဆေးပညာပါရဂူတွေက နှစ်ပေါင်းများစွာ ပြောဆိုလာခဲ့ကြပါတယ်။ ယခုအခါမှာတော့ ငါးသေတ္တာငါး၊ ဆယ်မွန်ငါးနဲ့ မက်ကရက်ငါးတို့မှာ အစေ့အဆံတွေမှာ အများဆုံးတွေ့ရတဲ့ polyunsaturated ခေါ် သွေးထဲ ကိုလက်စထရော ဖြစ်ပေါ်မှုကို အားမပေးတဲ့ အဆီဟာ ‘dry eye syndrome’ ခေါ် မျက်ရည်ခြောက်ခန်း ရောဂါကို တိုက်ဖျက်ရာမှာလည်း အဓိကကျကြောင်း လေ့လာ တွေ့ရှိခဲ့ရပါတယ်။
ဒီလေ့လာတွေ့ရှိချက်ကို အိန္ဒိယနိုင်ငံ၊ Chandigarh မြို့မှာရှိတဲ့ Advanced Eye Centre က ပညာရှင်တွေက တွေ့ရှိခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံ၊ San Diego မှာ ကျင်းပသွားမယ့် အမေရိကန် မျက်စိတိမ်စွဲ၊ မျက်စိမှုန်ရောဂါ ခွဲစိတ်ကုသမှု စာတမ်းဖတ်ပွဲမှာ တင်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Omega-3 ဖြည့်စွက် အဆီဆေးတွေဟာ မျက်ရည်ခန်းခြောက်တဲ့ ရောဂါကို ၁၀၅ ရာခိုင်နှုန်းအထိ တိုးတက် ကောင်းမွန်မှု ရှိစေတယ်လို့ ဆိုပါတယ်။
Dry eyes ခေါ် မျက်ရည်ခန်းခြောက်တဲ့ရောဂါဟာ မျက်စိရောဂါတွေထဲမှာ အဖြစ်အများဆုံး ဖြစ်ပြီး လူဦးရေရဲ့ ၃၃ ရာခိုင်နှုန်းမှာ ဒီရောဂါ ရှိနေပါတယ်။ ဝေဒနာရှင်တွေဟာ မျက်စိယားယံ၊ မျက်စိနာနာကျင်ကျင် စူးအောင့်တာမျိုးနဲ့ အလင်းရောင်ကို မခံနိုင်တာတွေ စတဲ့ လက္ခဏာတွေ ရှိနိုင်ပြီး မကုသဘဲထားပါက မျက်စိပျက်စီးမှု၊ အမြင်အာရုံ ချို့ယွင်းမှုနဲ့ တစ်ချို့ ဆိုးရွားတဲ့ အခြေအနေတွေမှာဆိုရင် မျက်လုံးကန်းတဲ့အထိ ဖြစ်စေနိုင်ကြောင်း သိရပါတယ်။
ye wint
Credit: Trend Myanmar
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment