Lutaw Lupyaw
"ဖက်တီးမလို့ အခေါ်မခံချင်လို့ ၀ိတ်ချရင်း ၁၂၂ ပေါင်သာရှိတော့တဲ့ ပိုပို"
အခုနောက်ပိုင်း အရမ်းကို ပိန်သွားတဲ့ ပိုပိုက ဖက်တီးမလို့ လူအများဝိုင်းခေါ်ကြတာကို မခံစားနိုင်တော့လို့ ၀ိတ်ချလိုက်ပြီ ဆိုတဲ့အကြောင်း ဖွင့်ဟလာတာမို့ သူမရဲ့ အလှအပရေးရာနဲ့ ပတ်သက်ပြီး ဘာတွေပြင်ဆင်လာတယ်။ ကျန်းမာရေး အစားအသောက်ပိုင်းကို အရင်ကထက် ဘယ်လိုစနစ်ကျစွာ ပြင်ဆင်နေထိုင်လာတယ် ဆိုတဲ့အကြောင်း တစေ့တစောင်း မေးကြည့်ဖြစ်တဲ့အခါ
-ပိုပိုအခု အရမ်းပိန်သွားပြီး ပိုလှလာတယ်နော်။
ဟုတ်ကဲ့။ ရေဘေးနဲ့ ပတ်သက်တဲ့ ရန်ပုံငွေပွဲလုပ်တော့ သူများတွေက ပိုပိုကို ဖက်တီးမလို့ ပြောကြတယ်။ အဲ့ဒီလိုပြောတဲ့ ဒဏ်တွေကို မခံနိုင်လို့ ၀ိတ်ချလိုက်တာပါ။ Free gym ကို အိမ်မှာဆော့တယ်။ ညပိုင်းကို အစား လုံးဝမစားဘူး။ မနက်ပိုင်းကိုလဲ အဆီမပါတဲ့ ကွေကာအုပ် သောက်တယ်။ နေ့လည်ပိုင်းကို ထမင်းကို နည်းနည်းပဲစားပြီး အသီးအရွက်တွေ အများကြီးနဲ့ စားတယ်။ ညပိုင်းကို နဂါးမောက်သီးတို့ အသီးအနှံတို့ များများစားပေးတယ်။ နောက်ပိုင်း အသီးအနှံစားရတာ ရိုးသွားတော့ ဘလူးဘယ်ရီ ဖျော်ရည်သောက်တယ်။ ညပိုင်းကို ထိန်းလိုက်တယ်။ တကယ်ပိန်ချင်တဲ့ စိတ်ဖြစ်ရင် ရပါတယ်။ ပြီးတော့ ပေါင်အမြဲချိန်တယ်။ နေ့တိုင်းချိန်ပြီး တစ်နေ့ထက်တစ်နေ့ ငါ ၀ိတ်ကျကိုကျရမယ်ဆိုတဲ့စိတ်နဲ့ ချိန်ဖြစ်တယ်။ ပြန်တက်သွားပြီဆိုရင်လဲ နောက်နေ့မှာ အစားကို လျှော့စားတယ်။ ညတိုင်း အစားစားချင်လာပြီဆိုရင် ငါ အခုမစားသေးဘူး။ မနက်ကျမှ အ၀စားမယ်ဆိုတဲ့ စိတ်ကိုသွင်းပြီး နေတယ်။ တကယ်တမ်းမနက်ကျတော့ မစားချင်တော့ဘူး။ နေ့ခင်းကို တစ်နာရီလောက် နောက်ဆုံးထားပြီး ဘာမှမစားဖြစ်တော့ဘူး။ နေ့တိုင်း သံပုရာရည်ကို ဂျင်းနဲ့ရောပြီး ရေနွေးပူပူလေးထည့်ပြီး ညတိုင်း သောက်ဖြစ်တယ်။ အစားအသောက်နဲ့တော့ ပိုဆိုင်တာပေါ့။ အားတာနဲ့ ကစားဖြစ်တယ်။ မအားရင်တော့ အစားပဲလျှော့တယ်။ ဆန်ဆိုရင်လဲ ဆန်ကြမ်းပဲစားတယ်။ အရွက်တွေကြော်စားရင်လဲ နှမ်းဆီပဲသုံးတယ်။ အသုပ်သုပ်ရင် သံလွင်ဆီ သုံးတယ်။ ညပိုင်းဆို စလပ်သုပ်စားတယ်။ ကြက်သွန်အနီကလဲ ၀ိတ်ကျစေတယ်။ သံလွင်ဆီကလဲ ၀ိတ်ကျစေတယ်။ တကယ်ကိုမှ ၀ိတ်ကျတဲ့ အစားအစာတွေကိုပဲ စုပြီးစားဖြစ်တယ်။ အခုဆို မစားတာကြာတော့ နည်းနည်းလေးစားတာနဲ့တင် လူက မစားချင်တော့ဘူး။ ဗိုက်ကပြည့်နေပြီ။ ၀ိတ်ကျသွားတဲ့ လျှို့ဝှက်ချက်ကို လူတိုင်းက သိချင်နေလို့ ပြောပြတာပါ။
-အခုပိန်သွားတော့ ဘယ်လိုပြန်ပြောကြလဲ။
လူတွေမှားကြတယ်။ နောက်ဆုံး ကိုဖြိုးလေးတောင် မမှတ်မိဘူး။ လူမှားနေတာတဲ့။ တော်တော်များများပါပဲ။ အရမ်းပိန်သွားတယ်။ ပိန်သွားတော့ လှတယ်လို့ ပြောကြတယ်။ ကျေနပ်တယ်ပေါ့။ တော်တော်များများက ဖုန်းရဲ့ Effect ထင်နေတာ အခုကျတော့ မဟုတ်ဘူး။ တကယ်ပိန်သွားတာဆိုပြီး မတွေ့တာကြာတဲ့ သူငယ်ချင်းတွေက ပြောကြတယ်။ အခုဆို ပိုပို ၁၂၂ ပေါင်ပဲ ရှိပါတော့တယ်။
-မျက်နှာပိုင်းရော အသားအရေပိုင်းပါ ပြောင်းသွားသလိုပဲ။
အရင်က Skin Care တွေကို သေချာမသုံးဖြစ်ဘူး။ ပျင်းနေတာကြောင့်လဲ ပါတယ်။ သုံးလိုက်မသုံးလိုက်ပေါ့။ အခုတော့ Skin Care ကို သေသေချာချာလေး သုံးဖြစ်တယ်။ တစ်ဆက်လုံးကို သေချာ လေးသုံးဖြစ်တယ်။ ညပိုင်းကိုလဲ သေချာသုံးဖြစ်တယ်။ ပိုပိုက အသားအရေလဲ Sensitive ဖြစ်လို့ သေချာလေး ဂရုစိုက်ဖြစ်တယ်။ အိမ်မှာ ရေသန့်စက်ပါ တစ်ခါတည်း တပ်ထားလိုက်တယ်။ အသားအရေလဲ ပြန်ထိန်းဖြစ်သလို ဖြစ်သွားတယ်။ အရင်ကဆို ပိုပိုမအားဘူး။ ရန်ကုန်ကို ပြန်လာတဲ့ရက်က ရှိုးဆိုတဲ့ ရက်လောက်ပဲ ပြန်ရောက်ဖြစ်တယ်။ နယ်တွေပဲ တောက်လျှောက်ဖြစ်နေတဲ့အတွက် အခုတော့ နယ်ရှိုးရော၊ ရန်ကုန်ရှိုးရောကို မျှပြီး လက်ခံဖြစ်တယ်။
-အခုလက်ရှိသုံးဖြစ်နေတဲ့ ပစ္စည်းလေးတွေကိုလဲ သိချင်ပါတယ်။
Skin Care က SK II သုံးတယ်။ မိတ်ကပ်ကကျတော့ MAC သုံးတယ်။ Kanebo က Lunaso brand ကိုသုံးတယ်။ MAC ကထူတော့ ရှိုးအတွက် သုံးတယ်။ နှုတ်ခမ်းနီဆို MAC ရော NYX ရောသုံးတယ်။ bobby brown ကဟာတွေလဲ သုံးတယ်။ မိတ်ကပ်လဲ ကိုယ့်ဟာကိုယ် ပြင်ဖြစ်တယ်။ အခုနောက်ပိုင်းပေါ့။ အလှပြင်ပိုင်းကိုလဲ ပိုပြီး စိတ်ဝင်စားလာတယ်။
-ပိုပိုမျက်နှာကိုလဲ တချို့က ပြင်ထားတယ်လို့ ထင်နေကြတယ်။
ဟုတ်တယ်။ တော်တော်များများက မျက်နှာကို ပြင်လိုက်တာမလားလို့ ထင်နေကြတယ်။ အမှန်အတိုင်းပြောရင် ဆေးထိုးမှာတောင်ကြောက်တဲ့ လူစားမျိုး တက်တူးသာ ထိုးရဲတာလေ။ ဘယ်လိုမှ ခွဲစိတ်ကုသဖို့ဆိုတာလဲ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဘန်ကောက်မှာ ဆေးခန်းသွားပြတယ်ဆိုတာလဲ နှလုံးမကောင်းတာကို သွားပြတာပါ။ လုံးဝ ခွဲစိတ်မကုသထားဘူး။ အသားအရေ ကောင်းဖို့အတွက်လဲ ဆေးမထိုးဘူး။ ပြင်တာကိုကြောက်လို့။ တကယ်လို့ ပြင်မဲ့ပြင်တော့ ပိုပိုမျက်နှာပြင်မှာ မဟုတ်ဘူး။ ပေါင်တွေပဲ လှီးချပစ်မှာပါ။ ပေါင်က အရမ်းကြီးတော့ ပိုပိုအရမ်းစိတ်ညစ်တယ်။ ဘုရားပေးတဲ့အတိုင်းပဲ ကောင်းပါတယ်။
ခင်ဆွေသက်
Credit: Trend Myanmar
Lutaw Lupyaw
No comments:
Post a Comment