Tuesday, December 22, 2015

"စိတ်ဖိစီးမှုနဲ့ ပူပန်ကြောင့်ကြမှု ဖယ်ရှားပေးမယ့် လွယ်ကူ ရိုးရှင်းသော နည်းလမ်းလေး"



Lutaw Lupyaw

"စိတ်ဖိစီးမှုနဲ့ ပူပန်ကြောင့်ကြမှု ဖယ်ရှားပေးမယ့် လွယ်ကူ ရိုးရှင်းသော နည်းလမ်းလေး"

စိတ်ဖိစီးမှုနဲ့ စိတ်ပူပန်ကြောင့်ကြမှုတွေဆိုတာ မျက်မှောက်ခေတ် လူနေမှုဘဝရဲ့ ရှောင်လွဲလို့ မရတဲ့ တစ်စိတ်တစ်ဒေသတစ်ခု ဖြစ်နေပါပြီ။ နိစ္စဓူဝ ဒီပြသနာတွေ ရင်ဆိုင်ခြင်းက တကယ် ခြေကုန်လက်ပန်း ကျစေနိုင်ပါတယ်။

ကံအားလျှော်စွာနဲ့ပဲ ရိုးရှင်းပေမယ့် တကယ် ထိရောက်တဲ့ လေ့ကျင့်ခန်းလေး တစ်ခု ရှိပါတယ်။ ၅ မိနစ်အတွင်း မိမိစိတ်ဖိစီးမှုကို ၄၄ ရာခိုင်နှုန်း သက်သာရာရစေပြီး ၅ မိနစ်အတွင်း အကျိုးသက်ရောက်မှု ရရှိစေနိုင်မယ့် လေ့ကျင့်ခန်းလေးတစ်ခု ဖြစ်ပါတယ်။

ညာဘက် နှာခေါင်းပေါက်ကို လက်မနဲ့ ဖိထားပြီး လေ ဝင်/ထွက်ပေါက် ပိတ်အောင် ဆက်ဖိထားရပါမယ်။ ဘယ်ဘက် နှာပေါက်ကတဆင့် လေ ရှူသွင်း၊ ထုတ် လုပ်ပေးပါ။ ပြီးတော့ ဘယ်ဘက် နှာခေါင်းပေါက်ကို ပိတ်ပြီး ညာဘက်နှာခေါင်းပေါက်နဲ့ အဲဒီနည်းအတိုင်း အသက်ပြင်းပြင်း ရှူသွင်း၊ ထုတ် ပြန်လုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းကို ဘယ်ဘက် နှာခေါင်းပေါက်နဲ့ ညာဘက် နှာခေါင်းပေါက်ကို တလှည့်စီ ဖိပိတ်ပြီး ၅ မိနစ် လုပ်ပေးရမှာ ဖြစ်တယ်။ ဒီရိုးရှင်းတဲ့ လေ့ကျင့်ခန်းကို နေ့တိုင်း အဆက်မပြတ် လုပ်ပေးမယ်ဆိုပါက များစွာ နေသာထိုင်သာ ပိုရှိလာမှာ အမှန်ပဲ ဖြစ်ပါတယ်။

Ref: healthyfoodteam

Credit: Trend Myanmar



Lutaw Lupyaw

No comments:

Post a Comment