"၆ ပတ်၊ ၆ လ၊ ၆ နှစ်"
ချစ်စကားပြောချိန်
၆ ပတ် - ချစ်တယ်၊ ချစ်တယ်၊ ချစ်တယ်။
၆ လ - ချစ်တာပေါ့ကွာ။
၆ နှစ် - မင်းကို ငါ မချစ်ရင် အစကတည်းက အားအားယားယား ချစ်ခွင့်တောင်းမလားဟ။
အလုပ်ပြန်လာချိန်
၆ ပတ် - အချစ်ရေ၊ ကိုယ်ပြန်လာပြီ။
၆ လ - ငါပြန်လာပြီကွ။
၆ နှစ် - မင်းအမေ ကနေ့ ဘာဟင်းချက်တုန်း။
လက်ဆောင်ပေးရာတွင်
၆ ပတ် - အချစ်ရေ၊ မင်းဒီလက်စွပ်လေး သဘောကျလိမ့်မယ်လို့ မျှော်လင့်တယ်။
၆ လ - ပန်းချီးကား တချပ်ဝယ်လာတယ်၊ ဧည့်ခန်းမှာထားရင် အဆင်ပြေမယ်ထင်တယ်။
၆ နှစ် - ရော့ ပိုက်ဆံ။ နင့်ဖာသာ ကြိုက်တာ သွားဝယ်။
ဖုန်း မြည်လာလျှင်
၆ ပတ် - အချစ်ရေ၊ ဖုန်းလာနေတယ်။
၆ လ - ရော့၊ နင့်ဖုန်း။
၆ နှစ် - နင့်ဖုန်းမြည်နေတယ်၊ မြန်မြန်လာကိုင်။
ချက်ပြုတ်စဉ်
၆ ပတ် - မင်းဒီလောက် ဟင်းချက်ကောင်းလိမ့်လို့ မထင်ခဲ့ဘူးကွာ။
၆ လ - ကနေ့ညစာ ငါတို့ ဘာစားကြမှာလဲ။
၆ နှစ် - လာပြန်ပြီ။ ဒီဟင်း။
အ၀တ်အစားသစ်
၆ ပတ် - မင်း ဒီအကျီလေး ၀တ်လိုက်တော့ နတ်သမီးလေးလား အောက်မေ့ရတယ်ကွာ။
၆ လ - အကျီအသစ် ၀ယ်ပြန်ပလား။
၆ နှစ် - အဲ့ဒါ ဘယ်လောက်တောင် ပေးလိုက်ရတုန်း။ ကုန်ပါပြီ။
ခရီးသွားရန်စီစဉ်
၆ ပတ် - ငပလီကို ၁ ပတ်လောက် အပန်းဖြေခရီး သွားရအောင်လေ၊ တခြားဘယ်နေရာ သွားရင်ကောင်းမလဲ။ အကြံပေးပါဦး။
၆ လ - ငပလီကို မသွားချင်ဘူး ဟုတ်လား။ ဂျီးများမနေနဲ့။
၆ နှစ် - ဘာ!! ခရီးသွားဦးမယ်။ အိမ်မှာနေရတာ ဘာပြုနေလို့ အားတိုင်း ထွက်ချင်နေရတာလဲ။
တီဗွီကြည့်စဉ်
၆ ပတ် - ကနေ့ည ဘာကားကြည့်ချင်လဲ အချစ်။
၆ လ - ငါဒီကား ကြိုက်တယ်။ တခြား Channel မပြောင်းနဲ့။
၆ နှစ် - ငါ ကနေ့ည ESPN လိုင်းကြည့်မှာ၊ မကြည့်ချင်ရင် စောစောသွား အိပ်။
Credit: Ko Phyo
No comments:
Post a Comment