Thursday, December 10, 2015

"ကလေးကို ချက်ချင်းအငိုတိတ်သွားစေမယ့် ကလေးချီနည်း"


"ကလေးကို ချက်ချင်းအငိုတိတ်သွားစေမယ့် ကလေးချီနည်း"

အငိုသန်တဲ့ ကလေးတွေဟာ အခုမှ မိဘစဖြစ်တဲ့ မိဘအသစ်စက်စက်တွေအတွက် တော်တော် စိတ်ပျက်စရာကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအငိုသန်တဲ့ကလေးကို ဘယ်လိုငြိမ်အောင် လုပ်ရမလဲဆိုတာ ဆရာဝန်တစ်ယောက်က နည်းလမ်းပြပေးခဲ့ပါတယ်။ ဒီနည်းလမ်းဟာ ကလေးကို မြန်မြန် အငိုတိတ်နိုင်ရုံသာမက၊ လွယ်ကူလွန်းတာကိုလည်း တွေ့ရမှာပါ။

ကလေးအထူးကုဆရာဝန်၊ ဒေါက်တာ Robert Hamilton ဟာ California မှာ ဆေးကုသနေတာ ဆယ်စုနှစ် သုံးခု ကြာမြင့်ခဲ့ပြီဖြစ်ပြီး၊ သူ့အလုပ်နယ်ပယ်ထဲက ပရော်ဖက်ရှင်နယ် ဆရာဝန်တိုင်းအတွက် ကြုံနေကြ အခက်အခဲဖြစ်တဲ့ ကလေးအငိုတိတ်နည်းကို ရှာနေခဲ့သူ ဖြစ်ပါတယ်။ Hamilton ဟာ သူ့ရဲ့ ကလေးအငိုတိတ်အောင် ပွေ့ချီနည်းကို ‘the hold’ လို့ အမည်ပေးထားပြီး ဗီဒီယိုနဲ့တကွ ရှင်းလင်းပြသပေးခဲ့ပါတယ်။

၁။ ကလေးရင်ဘတ်မှာ လက်ကလေးတွေကို ကန့်လန့်ယှက်လျက် လက်တစ်ဖက်နဲ့ ကိုင်ထားပေးပါ။

၂။ ကလေးလက်မောင်းလေးတွေကို ညှင်ညှင်သာသာနဲ့ လွတ်မသွားအောင် ဖိထားပေးပါ။

၃။ ထို့နောက် ကျန်တဲ့လက်တစ်ဖက်နဲ့ ကလေးခါးတောင်းကျိုက် ပိတ်စနေရာကို ညှင်သာစွာ ဆုပ်ကိုင်ထားပါ။

၎။ ထိုပုံစံအတိုင်း ကလေးငယ်ကို လေးဆယ့်ငါးဒီဂရီထားပြီး ကလေးကို အထက်အောက်၊ လှုပ်ခါပေးပါ။ တစ်ချိန်တည်းမှာ ကလေးတင်ပါးလေးကိုလည်း ကိုင်လှုပ်ပေးပါ။ ဒီ အငိုတိတ် ချီနည်းဟာ နှစ်လသားကနေ သုံးလသားအရွယ် ကလေးငယ်တွေအတွက် အသင့်တော်ဆုံး ဖြစ်တယ်လို့ ဒေါက်တာကဆိုပြီး ထိုထက်ကြီးပါက ကလေးကိုယ်အလေးချိန် များသွားတာကြောင့် အခုလို အနေအထားအတိုင်း ကိုင်နိုင်ဖို့ မလွယ်တော့ဘူးလို့ ဆိုပါတယ်။

ye wint

Credit: Trend Myanmar

No comments:

Post a Comment