Lutaw Lupyaw
"သင်လိုချင်တဲ့ ချစ်သူဘ၀ ရည်မှန်းချက်တွေက သင့်အချစ်ရေးကို မသိမသာ ဖျက်ဆီးပစ်ပုံ (၄) မျိုး"
ဆိုရှယ်မီဒီယာက သင့်ရဲ့ newsfeed မှာ ကြည်နူးစရာတွေ ပြည့်နှက်နေတဲ့ တခြားစုံတွဲတွေရဲ့ Selfie ဓာတ်ပုံတွေ၊ စေ့စပ်လက်စွပ်ပုံတွေနဲ့ သူတို့နှစ်ယောက် ပွတ်သီးပွတ်သပ် နေနေတဲ့ပုံတွေက ပေါ်ပေါ်လာတတ်ပါတယ်။ ဒီပုံတွေကို ကြည့်ပြီး သင့်မှာ မနာလိုစိတ်တွေလည်း ဖြစ်ရမှာပေါ့။ ဒီအခါမှာ ကိုယ့်ရဲ့ ချစ်သူဘ၀ ရည်မှန်းချက်လေးတွေနဲ့ သူတို့ရဲ့ ချစ်သူဘ၀တွေကို သွားနှိုင်းယှဉ်ကြည့်မိတဲ့အခါ ကိုယ့်ရဲ့ချစ်သူအပေါ်ကိုပဲ မကျေမချမ်းတွေဖြစ်ရ၊ ဘာလို့ သူက ဒီလိုပုံစံမျိုး မဟုတ်ပါလိမ့်လို့ မေးခွန်းတွေ ထုတ်မိမှာပါ။ ကိုယ့်ချစ်သူကို သူများတွေလို ဖြစ်စေချင်တာက တကယ်တမ်းကျတော့ အချစ်ရေးကို ပိုမို ထိခိုက်စေနိုင်ပါတယ်။
၁။ ဒါက ကိုယ့်အချစ်ရေးကို တန်ဖိုးလျော့စေတယ်
တခြား ချစ်သူတွေရဲ့ အချစ်ရေးကိုမှ အရမ်းကို အားကျလွန်းနေပြီဆိုတာက၊ ကိုယ့်အချစ်ရေးကို ကိုယ် တန်ဖိုးလျော့ချလိုက်တာပါပဲ။ စုံတွဲတွေဖြတ်ကျော်ရတဲ့ အခက်အခဲတွေကို နှစ်ကိုယ်ကြားကလွဲလို့ ဘယ်သူမှ မသိနိုင်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ချစ်သူဘ၀ ခရီးလမ်းတွေဟာလည်း ခြားနားမှု ရှိပါတယ်။ သူတို့ဟာ ပြီးပြည့်စုံလွန်းတဲ့ စုံတွဲလို့ ထင်ရပေမယ့်၊ သူတို့အချစ်ရေးမှာ ပြဿနာမရှိတာ မဟုတ်ပါဘူး။
၂။ တကယ့်ဇာတ်လမ်းအပြည့်အစုံကို သင် မသိလို့ပါ
လူတွေဟာ တခြားလူတွေမြင်စေချင်ကြတဲ့ အရာတွေကိုပဲ ဆိုရှယ်မီဒီယာမှာ တင်ကြပါတယ်။ တခြားလူတွေ အထင်ကြီးအားကျအောင်၊ ဒါမှမဟုတ်လည်း Like များများရအောင် စသဖြင့်ပေါ့။ ဒါပေမယ့် တကယ်တမ်းကျတော့ ကန့်လန့်ကာ နောက်ကွယ်မှာ ဘာဖြစ်နေလဲဆိုတာ သင် သိနိုင်မှာမဟုတ်ပါဘူး။
၃။ သင့်ကိုမျှော်လင့်ချက်တွေ ကုန်ခန်းစေနိုင်တယ်
ကိုယ်နဲ့ သူများတွေကို နှိုင်းယှဉ်တဲ့ ကစားနည်းကို သင် စကစားပြီဆိုတာနဲ့ သင့်မှာ မျှော်လင့်ချက်တွေ၊ အားအင်တွေ ကုန်ခန်းသွားနိုင်ပါတယ်။ လက်တွေ့မကျတဲ့ သင့်ရဲ့ မျှော်မှန်းချက်တွေက စိတ်ပင်ပန်းမှုတွေကိုပဲ ရစေနိုင်ပြီး ကိုယ့်အချစ်ရေးက မကောင်းကွက်တွေကိုပဲ ကွက်ကြည့်သွားတတ်စေပါတယ်။ ဒီလို ဖြစ်မယ့်အစား ကိုယ့်ချစ်သူကို ကိုယ်ခံစားနေရတာကို ဖွင့်ပြောကြည့်ပါ။
၎။ ကိုယ့်အချစ်ရေးရဲ့ တစ်မူထူးခြားချက်လေးတွေကို မေ့သွားစေနိုင်တယ်
ကိုယ့်ကောင်လေးက တစ်ချိန်လုံး ရိုမန်တစ်မဆန်တတ်တာ၊ ပန်းတွေမပို့ပေးတာ၊ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ချစ်သူမှာလည်း ထူးခြားတဲ့ အချက်လေးတွေ ရှိမှာပါ။ သူတို့မလုပ်တတ်တဲ့ အရာတွေကို ကွက်ကြည့်နေမယ့်အစား၊ သူတို့ရဲ့ ကောင်းကွက်လေးတွေကို ရွေးကြည့်ကြည့်ပါ။ ရိုမန့်စ်ဆိုတာ ရုပ်ရှင်ကားတွေထဲမှာ သင်မြင်နေရသလို၊ ဆိုရှယ်မီဒီယာမှာ သင်မြင်နေရသလို မဟုတ်ပါဘူး။ ရိုမန့်စ်ဆိုတာ သင် ခြေထောက်တွေ နာနေတုန်းမှာ သူက ဂရုတစိုက်နဲ့ ပွတ်သပ် နှိပ်နယ်ပေးတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်နဲ့ ကိုယ့်ချစ်သူ နှစ်ယောက်ကြားမှာပဲ အဓိပ္ပါယ်တွေပြည့်နှက်နေပြီး ထူးခြား ကြည်နူးဖွယ်ရာတိုင်းက ရိုမန့်စ်ပါပဲ။
ye wint
Credit: Trend Myanmar
Lutaw Lupyaw
No comments:
Post a Comment