Lutaw Lupyaw
"သင်တို့နှစ်ဦးရဲ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဘယ်လိုလက်ဆောင်မျိုးက သင့်ချစ်သူအတွက် အကောင်းဆုံး ဖြစ်လိမ့်မလဲ"
ကဲ ဒီဆောင်းပါးလေး မဖတ်ရသေးပဲ ချစ်သူအတွက် လက်ဆောင်ဝယ်ဖို့ မစဉ်းစားလိုက်ပါနဲ့ဦး။ နှစ်ပတ်လည် အထိမ်းအမှတ်ဆိုတာ ကိုယ့်ချစ်သူမွေးနေ့မှာ လက်ဆောင်ပေးတာမျိုးနဲ့လည်း မတူဘူးလေ။ ဒီတော့ အဲ့ဒီလို နေ့မျိုးလေးတွေမှာ ပေးဖို့ အကောင်းဆုံးနဲ့ လုံးဝမပေးသင့်တဲ့ လက်ဆောင်မျိုးတွေကို ပြောပြပေးချင်ပါတယ်။
နှစ်ပတ်လည်နေ့မှာ သင့်ချစ်သူကို ပေးဖို့ အကောင်းဆုံးလက်ဆောင်များ
၁။ နှစ်ဦးသား စွန့်စားရမယ့် အတွေ့အကြုံတစ်ခုကို ဝေမျှတာမျိုး
တကယ်တော့ နှစ်ပတ်လည်နေ့မျိုးလို ချစ်သူနှစ်ဦးအတွက် အမှတ်တရဖြစ်စေမယ့် နေ့မှာ နှစ်ဦးသား စိတ်လှုပ်ရှားရင်ခုန်နေတော့ မကောင်းဘူးလား။ ချစ်သူကို ပေးနေကျ လက်ဆောင်မျိုးတွေထက် ဒီနှစ်တော့ ထူးခြားတဲ့ လက်ဆောင်လေးတစ်ခု ပေးကြည့်လိုက်ပါ။ သင်တို့နှစ်ယောက်စလုံးအတွက်လည်း ပျော်ရမယ်။ စိတ်လှုပ်ရှားရမယ်။ ဒါ့အပြင် အရင်တုန်းကလည်း တစ်ခါမှ မလုပ်ဖူးသေးတဲ့ အရာမျိုးပေါ့။ လက်ဆောင်ဆိုတာ အရာဝတ္ထုပစ္စည်းတစ်ခုခု ပေးမှမဟုတ်ပါဘူး။ သူုနဲ့အတူတူ အမှတ်တရ ဖန်တီးခြင်းကလည်း လက်ဆောင်ကောင်းတစ်ခုပါပဲ။ ဒီတော့ ချစ်သူနဲ့အတူ စိတ်လှုပ်ရှားစရာ ခရီးတစ်ခု သွားမလား၊ ဒါမှမဟုတ် ကလပ်မှာ အတူတူ ကခုန်လိုက်မလား၊ မသွားဖူးသေးတဲ့ နေရာသစ်တစ်ခုကို ခေါ်သွားပြီး ချစ်သူနဲ့အတူ ရိုမန်တစ်ဆန်ဆန်လေး ဒင်နာစားမလား တစ်ခုခုကို စဉ်းစားကြည့်လိုက်ပါ။
၂။ နှစ်ဦးသား တွေ့ဆုံခဲ့တဲ့အချိန်က အမှတ်တရတွေကို ပြန်လည်စုစည်းပြီးပြီး စီစဉ်လိုက်တာမျိုး
သင်တို့နှစ်ဦး စဆုံတုန်းက၊ ဒါမှမဟုတ် အဖြေရတုန်းက သင် သူနဲ့ပတ်သက်ပြီး ဘာတွေ မှတ်သားထားခဲ့ဖူးသလဲ။ အ၀တ်အစား၊ သွားခဲ့တဲ့နေရာ၊ ပြောခဲ့တဲ့စကား စသဖြင့်ပေါ့။ ဒါတွေအားလုံးကို သင်ခုချိန်မှာ ပြန်ယူဆောင်ပြီး သင်တို့နှစ်ဦးကြားက အမှတ်တရတွေကို ဖော်ထုတ်လိုက်ပါ။ သူ့ကို အရင်အတိုင်း မပြောင်းလဲပဲ ချစ်နေတုန်းဆိုတဲ့ အကြောင်းလေးကိုတော့ သင့်စိတ်ကူးနဲ့ ပုံဖော်ပြီး ပြောပြလိုက်ပေါ့။
၃။ သယ်သွားလို့ရတဲ့ အရာတစ်ခုခု ပေးတာမျိုး
ပိုက်ဆံနဲ့ အချစ်ကို ၀ယ်လို့မရနိုင်ပါဘူး။ ဒါပေမယ့် နှစ်ပတ်လည်နေ့အတွက် လက်ဆောင်တွေတော့ ၀ယ်လို့ ရတယ်နော်။ ဒီတာ့ သင့်ချစ်သူနဲ့ အမြဲ အတူရှိနေစေမယ့် လက်ဆောင်မျိုးဆိုရင် အသုံးလည်း ၀င်၊ သင့်ချစ်သူလည်း ဒါလေးမြင်တိုင်း သင့်ကို သတိရနေတော့မှာပေါ့။ ဒီလိုလက်ဆာင်မျိုးတွေထဲမှာ နာရီ၊ လက်ကိုင်အိတ်၊ ပိုက်ဆံအိတ်နဲ့ လက်ဝတ်လက်စား တစ်ခုခု ဆိုရင်တော့ မဆိုးဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် အဲ့ဒီအသုံးအဆောင်တွေက အရမ်းကြီးတော့ ဖန်စီမဖြစ်စေချင်ပါဘူး။ ဈေးတန်ပြီး အရည်အသွေးကောင်းတော့ ဖြစ်သင့်ပါတယ်။ သင့်ချစ်သူ ဘယ်လိုအရာမျိုးကို ခရေဇီဖြစ်သလဲ သင်အသိဆုံးဖြစ်မှာပေါ့။
နှစ်ပတ်လည်နေ့မှာ သင့်ချစ်သူကို မပေးသင့်တဲ့ လက်ဆောင်အမျိုးအစားများ
၁။ သင့်အတွက် အဆင်ပြေအသုံးဝင်တဲ့ အရာများ
လက်ဆောင်ပေးတယ်ဆိုမှတော့ တစ်ဖက်လူကို ပျော်ရွှင်ဝမ်းသာစေဖို့အတွက် ပေးတာမျိုးပါ။ ပေးတဲ့သူက ရမယ့်သူထက် ပျော်ရွှင် စိတ်လှုပ်ရှားနေတာမျိုး ဆိုရင်တော့ လက်ဆောင်က သင့်အတွက်သာ ဖြစ်တော့မှာပေါ့။ ဥပမာ သင်က သင့်ကောင်မလေးကို အတွင်းခံ ၀ယ်ပေးတာမျိုးတွေ၊ ည၀တ်အင်္ကျီ ၀ယ်ပေးတာမျိုးတွေက တကယ့်ကို အူကြောင်ကြောင်နိုင်ပါတယ်။ ဒါမျိုးတွေ ရှောင်သင့်ပါတယ်။ တစ်ချို့ကျတော့ ကောင်မလေး သူ့အတွက် မုန့်တွေဘာတွေ လုပ်လာရင် အဆင်ပြေအောင် မုန့်ဖုတ်တဲ့စက်တွေ ၀ယ်ပေးတာမျိုး ဘာညာကလည်း ကိုယ့်အတွက်ကိုယ် ပြန်လက်ဆောင်ပေးနေသလိုပါပဲ။
၂။ အားကစားနဲ့ပတ်သက်တဲ့၊ လေ့ကျင့်ခန်းလုပ်ရာမှာ အသုံးဝင်တဲ့ ပစ္စည်းမျိုးပေးခြင်း
သင့်ချစ်သူက gym ဆော့ချင်တယ်၊ ကျန်းမာချင်တယ်၊ ပိန်ချင်တယ်၊ ပြည့်ချင်တယ် စသဖြင့် ဆန္ဒတွေရှိနေတာမို့ သင့်ဘက်ကလည်း အထောက်အပံ့ တစ်ခုခု ပေးချင်တယ်ဆိုပါစို့။ တခြားနည်းနဲ့သာ ပေးပါ။ နှစ်ပတ်လည် အထိမ်းအမှတ် လက်ဆောင်ကိုတော့ treadmill ၀ယ်ပေးတာမျိုး မလုပ်ပါနဲ့။ အခန့်မသင့်ရင် သင့်ချစ်သူကတောင် သင့်ကို နားလည်မှု လွဲသွားနိုင်ပါတယ်။
၃။ ကတ်လေးတွေ လက်ဆောင်ပေးခြင်း
သင်ဟာ သင့်ချစ်သူကို အရိုးစင်းဆုံး လက်ဆောင်ပေးမယ်လို့ စိတ်ကူးပြီး ကတ်လေးတစ်ခု ပေးလိုက်တာမျိုးက ဘာနဲ့သွားတူသလဲဆိုရင် ငါကတော့ ငါနဲ့အတူ သုံးလေးနှစ် ရှိလာတဲ့ ချစ်သူနဲ့ပတ်သက်ပြီး ဘာမှ သိပ်မသိဘူးဟေ့၊ ကတ်ထဲမှာ ရေးထားတဲ့ စာလိုပါပဲ ဆိုတာမျိုးနဲ့ သွားတူပါတယ်။ သူမကလည်း ဒါကို ပီတိဖြစ်သွားမယ် မထင်ပါနဲ့။ ကတ်ပေးခြင်းက နှစ်ယောက်စလုံးအတွက် မထူးခြားသွားပဲ သင့်ချစ်သူအတွက် သင် ဘာမှမစဉ်းစားနိုင်ဘူးဆိုတာ ပြလိုက်တာပါပဲ။
မေသော်
Credit: Trend Myanmar
Lutaw Lupyaw
No comments:
Post a Comment