Saturday, December 26, 2015

"ကျွန်မလွမ်းတဲ့ ကောင်လေးတစ်ယောက်အကြောင်း"



Lutaw Lupyaw

"ကျွန်မလွမ်းတဲ့ ကောင်လေးတစ်ယောက်အကြောင်း"

ကျွန်မ မကြာမကြာလွမ်းတတ်တဲ့ ကောင်လေးတစ်ယောက် ရှိပါတယ်……

သူက နှင်းကျတဲ့အရပ်က မဟုတ်ဘူး… နှင်းလိုအေးတဲ့အပြုံးတော့ သူ့မှာရှိတယ်။

သူက မီးတောင်ရှိတဲ့အရပ်က မဟုတ်ဘူး… တစ်ခါခါ မီးလိုပူပြင်းတဲ့ ဒေါသ သူ့မှာရှိတယ်။

သူက ဧရာဝတီ မြစ်ကမ်းဘေးက မဟုတ်ဘူး… မြစ်လို အေးအေးချမ်းချမ်းနေလိုတဲ့ ဆန္ဒ သူ့မှာရှိတယ်။

သူဟာ သစ်ပင်တွေအောက် တစ်နေ့တစ်ခေါက် မရောက်ဘူး… ကျွန်မအတွက်တော့ ကဗျာထိုင်ရေးဖို့ အရိပ်ကောင်းသစ်တစ်ပင် သူ့စိတ်ကူးထဲမှာ ရှိတယ်။

သူဟာ နေနတ်သားနဲ့ လနတ်သမီးက မွေးဖွားသူမဟုတ်ဘူး… နေလိုလလို ခံစားချက်နှစ်မျိုးနဲ့ ကျွန်မကို ပြုစားသူဖြစ်တယ်။

သူဟာ ကျွန်မကို စကားလုံးလှလှနဲ့ မဖျားယောင်းဘူး… နှလုံးသွေးနဲ့ ပန်းတစ်ခင်းတော့ အသေအချာပဲ စိုက်ပေးခဲ့တယ်။

သူဟာ ဘုရားသခင်ရေးတဲ့ ကျွန်မနဖူးထက်က ဖူးစာဖက်မဟုတ်ဘူး… အသဲတစ်ခြမ်း လောင်ကျွမ်းခံပြီး ခပ်ဝေးဝေးက ကျွန်မကို တိတ်တဆိတ် ချစ်မြတ်နိုးသူဖြစ်တယ်။

Credit: ကြည်ဖြူခင်ခင်



Lutaw Lupyaw

No comments:

Post a Comment