Lutaw Lupyaw
"လက်သည်းချွတ်ဆေးအစား သွားတိုက်ဆေးကို အစားထိုးသုံးနိုင်"
လက်သည်းအရောင်ချွတ်ဆေးက ခဏသာ ခံပါတယ်။ အလွယ်တကူ ခြစ်ထုတ်နိုင်ပေမယ့် ပုံပျက်ဆင်းပျက် ဖြစ်စေပါတယ်။ နောက် အရောင်ချွတ်ပြီး ပြန်ဆိုးပေးဖို့ လိုပါတယ်။ လက်သည်းချွတ်ဆေးတွေမှာ အနံ့အသက် ဆိုးရွားပြီး လက်သည်းတဝိုက်ရှိ နူးညံ့တဲ့ အရေပြားကို ပျက်ဆီးစေတဲ့ acetone ဓာတုဒြပ်နဲ့ တခြား ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။
အဲဒီ ပြသနာကို သွားတိုက်ဆေးနဲ့ ဖြေရှင်းပေးနိုင်တာ သင်သိပါက အံ့သြသွားပါလိမ့်မယ်။ အိမ်မှာတင် အချိန်တိုင်း ရရှိနိုင်ပြီး ဈေးကြီးမပေးရဘဲ အန္တရာယ်လည်း မဖြစ်စေပါဘူး။
လိုက်နာ ဆောင်ရွက်ရမယ့် အဆင့်လေးတွေကတော့ ရိုးရိုးလေးပါ။
သွားတိုက်ဆေးကို လက်သည်းများပေါ်မှာ ညစ်ထုတ်ရပါမယ်။
ညင်သာစွာ ပွတ်သပ်ပြီး လက်သည်းတွေကို သွားတိုက်တံနဲ့ ဖြည်းဖြည်းလေး တိုက်ချွတ်ပေးပါ။
ဒီနည်းစနစ်ရဲ့ ရလဒ်အဖြေက အံ့မခန်းစရာ ကောင်းပါတယ်။ Acetone ဓာတုဒြပ်နဲ့ လက်သည်းအရောင်ချွတ်ခြင်းနဲ့ ရိုးရိုးသွားတိုက်ဆေးနဲ့ လက်သည်းအရောင်ချွတ်တာ လုံးဝကွာခြား ပါတယ်။
ဒီအိမ်တွင်းဖြစ် ဆေးနည်းလေးကို မဖြစ်မနေ သုံးကြည့်သင့်ပါတယ်။ ရိုးရှင်းပြီး အရေပြား ထိခိုက်ပျက်စီးမှုနဲ့ အနံ့အသက်ဆိုးကို ကာကွယ်ပေးပါတယ်။
Ref: timefornaturalhealthcare
Credit: Trend Myanmar
Lutaw Lupyaw
No comments:
Post a Comment