Tuesday, July 7, 2015

"လူသားများ၏ ဇီဝဗေဒအသက်များ ရှိသင့်သည်ထက် ပိုများနေ"


"လူသားများ၏ ဇီဝဗေဒအသက်များ ရှိသင့်သည်ထက် ပိုများနေ"

ဆေးဝါးသိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ အချို့လူတွေဟာ ပြင်ပအသက်ချင်း အတူတူဖြစ်ပေမယ့် ဇီဝဗေဒသဘောအရ အသက်တွက်ချက်မှုမှာ အဆိုးရွားဆုံးခြေအနေကို ရောက်နေတက်တာ တွေ့ခဲ့ကြရပါတယ်။ ခန္ဓာကိုယ်ရဲ့ ကျန်းမာမှုအလိုက် အချို့သူတွေဟာ ရှိရင်းစွဲအသက်ထက် သုံးဆလောက် ဇီဝဗေဒအသက်မှာ ကြီးရင့်နေတာ တွေ့ရပါတယ်။

အမျိုးသားသိပ္ပံအကယ်ဒမီက နယူးဇီလန်မှာရှိတဲ့ လူပေါင်း ကိုးရာကျော်ကို လေ့လာခဲ့တာဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ် လူသားတွေကို လေ့လာခဲ့ရာမှာ အချို့ဆိုရင် ဇီဝဗေဒအသက်အရ သက်တန်းကုန်ခါနီးလောက် ဖြစ်နေတာကို တွေ့ရပါတယ်။ ဇီဝဗေဒအသက်ဆိုတာ မွေးဖွားတဲ့ခုနှစ်အလိုက် တွက်ချက်တာမဟုတ်ပဲ လက်ရှိခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး တွက်ချက်တာဖြစ်ပါတယ်။ တစ်ချို့ဆိုရင် အသက် နှစ်ဆယ်ကျော် သုံးဆယ်နီးပါးသာ ရှိသေးပေမယ့် ဇီဝဗေဒအသက်တွက်ချက်မှုအရ ခြောက်ဆယ်အရွယ်လောက် ဖြစ်နေတာကို တွေ့ရပါတယ်။ အသည်း၊ အဆုပ်၊ ကျောက်ကပ် စတဲ့ အတွင်းကလီစာတွေကို အဓိကထားပြီး အသက်တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။

အများစုကတော့ ပြင်ပအသက်အရွယ်နဲ့ မလိုက်အောင် လူငယ်တစ်ယောက်ဖြစ်ပေမယ့် ကျန်းမာဖျတ်လတ်မှုမျိုး မရှိဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။ ဆေးပညာတွေ တိုးတက်ဖို့ လုပ်နေပမယ့် လူသားတွေရဲ့ ကျန်းမာရေးဟာ ပိုဆိုးရွားလာနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

Ref - bbc

Credit: Planet

No comments:

Post a Comment