Sunday, July 26, 2015
"အွန်လိုင်း ချစ်သူကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တဲ့ မိန်းကလေး"
"အွန်လိုင်း ချစ်သူကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တဲ့ မိန်းကလေး"
တရုတ်နိုင်ငံမှာရှိတဲ့ အသက် (၂၃) နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အွန်လိုင်းပေါ်မှာ တွေ့ခဲ့တဲ့ ချစ်သူကို အယုံလွယ်ခဲ့တာမို့ စိတ်ပျက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ ဒီမိန်းကလေးရဲ့ အွန်လိုင်းပေါ်က ချစ်သူဟာ သူ့ထက် အသက် (၁၀) နှစ် ကြီးတယ်လို့ ဆိုထားပါတယ်။ မိန်းကလေးရဲ့ မိဘတွေက အွန်လိုင်းပေါ်က ချစ်သူကို သဘောတွေ့ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ မိန်းကလေးဟာ အွန်လိုင်းပေါ်က ချစ်သူကိုပဲ စွဲလန်း နှစ်သက်ခဲ့ပါတယ်။
တစ်နေ့မှာ မိန်းကလေးဟာ အွန်လိုင်းပေါ်က ချစ်သူကို အပြင်မှာတွေ့ဖို့ စီစဉ်ခဲ့ပါတယ်။ ဒီအချိန်မှာ ပြဿနာ စတင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အွန်လိုင်းပေါ်က ချစ်သူဟာ အပြင်မှာတွေ့ရတဲ့ ချစ်သူနဲ့ တူညီခြင်းမရှိဘဲ အွန်လိုင်းပေါ်မှာ ဓာတ်ပုံ အတုကို တင်ပြီး မိန်းကလေးကို လှည့်ဖြားမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သတင်းမှာ ဖော်ပြချက်အရ မိန်းကလေးဖြစ်သူရဲ့ အွန်လိုင်းပေါ်က ချစ်သူဟာ ထင်မှတ်ထားသလို မဟုတ်ဘဲ ရုပ်အလွန်ဆိုးတယ်လို့ သိရှိရပါတယ်။ ဒါကြောင့် မိန်းကလေးဖြစ်သူဟာ စိတ်ပျက်ပြီး ခုနစ်ထပ်ပေါ်မှာရှိတဲ့ ၀ရံတာမှာ ဖန်ကွဲစတွေနဲ့ သူ့ရဲ့လက်ကို ဖြတ်ပြီး သတ်သေဖို့ ကြိုးစားခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိသွားချိန်မှာ ချစ်သူ ဖြစ်သူဟာ လိမ်ညာမှုတွေ ပြုလုပ်ခဲ့တယ်လို့ အော်ဟစ် ပြောဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ တရုတ် လူမှုကွန်ရက်တွေမှာ ရေပန်းစားခဲ့ပြီး အယုံမလွယ်ကြဖို့ သတိပေးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မိန်းကလေး ဖြစ်သူကို ဆေးရုံကို အချိန်မီ ပို့နိုင်ခဲ့တာကြောင့် အသက်အန္တရာယ် စိုးရိမ်စရာ မလိုတော့ဘူးလို့ သိရပါတယ်။
အေသင်အောင်
Credit: messenger
Labels:
နိုင်ငံတကာသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment