Monday, July 13, 2015

"ချစ်သူရဲ့စိတ်ကုန်ခြင်း မခံရလေအောင်"


"ချစ်သူရဲ့စိတ်ကုန်ခြင်း မခံရလေအောင်"

ဒီစာလေးကတော့ ချစ်သူကို အမြဲလက်တွဲဖို့ ရည်ရွယ်ထားတဲ့သူတွေ ဖတ်ဖို့ ရေးလိုက်တာပါ။
ချစ်သူတွေဖြစ်လာပြီဆိုရင် အချင်းချင်း ပဋိပက္ခဖြစ်လို့ စိတ်ညစ်ရတာတွေတော့ ရှိကောင်းရှိမှာပါ။
ဒါပေမယ့် သင့်ကြောင့် လွန်ကြူးတဲ့စိတ်ညစ်စရာတွေ များလာရင်တော့ သင့်ရဲ့ချစ်သူက သင့်ကို စိတ်ကုန်တဲ့အဆင့် ရောက်လာပါလိမ့်မယ်။
စိတ်ကုန်တာတွေစုလာရင်တော့ သင့်ကို စိတ်ထဲကပါ ထုက်လိုက်ပါလိမ့်မယ်။ ဒါကြောင့် ချစ်သူရဲ့ စိတ်ကုန်ခြင်းမခံရလေအောင်၊ ချစ်သူကို စိတ်မညစ်စေရအောင် အတက်နိုင်ဆုံး ဂရုစိုက်သင့်ပါတယ်။

အလွန်အမင်းသ၀န်တိုခြင်းကို ရှောင်ကြဉ်ပါ။

တကယ်တော့ သ၀န်တိုတယ်ဆိုတာက အချစ်ကြီးလို့ ဖြစ်လာရတဲ့ ခံစားမှုမျိုးပါ။ သင့်တင့်မျှတသော သ၀န်တိုခြင်းကတော့ သင့်ချစ်သူ သင့်ကို ပိုချစ်အောင် စွမ်းဆောင်ပေးနိုင်ပေမဲ့၊ သူ့ရဲ့သိက္ခာနဲ့အရှက်ပါ ထိခိုက်စေလောက်အောင် သ၀န်ကြောင်လာရင်တော့ သင့်ချစ်သူ့က သင့်ကို စိတ်ကုန်သွားပါလိမ့်မယ်။

သဘောထားမကွဲလွဲအောင် ဂရုစိုက်ပါ။

သင့်ချစ်သူရဲ့ဆုံးဖြတ်ချက်တစ်ခုက မမှားဘူးဆိုရင်၊
သင် လက်ခံနိုင်တဲ့ အတိုင်းအတာ တစ်ခုမှာပဲဆိုရင်တော့ သင့်သဘောထက် ချစ်သူရဲ့သဘောထားကို အတက်နိုင်ဆုံး လိုက်လျောပေးပါ။ ဒါမှလဲ သဘောထားချင်း ကိုက်ညီမှုရပြီး ချစ်သူနဲ့ အဆင်ပြေနိုင်မှာပါ။
ဒီနေရာမှာ သူ့သဘောတရားကို လက်ခံနိုင်ရဲ့သားနဲ့ ကိုယ့်စိတ်တိုင်းကျမဖြစ်လို့ အပြင်းအထန် မဆန့်ကျင်ပါနဲ့။ ချစ်သူကို နားမလည်ပဲ သင်ထင်တာတွေကိုပဲ တယူသန်နေရင်တော့
သင့်ချစ်သူက သင့်ကို စိတ်ကုန်သွားပါလိမ့်မယ်

ချစ်သူကို လျစ်လျူရှု့မထားမိပါစေနဲ့

မင်းအချိန်တွေကိုလဲ ချစ်သူအတွက်ပေးနိုင်အောင် ကြိုးစားပါ။ တကယ်လို့ မင်းက အရမ်းအလုပ်များတဲ့သူ ဖြစ်ရင်တောင် သီးသန့်အချိန်တော့ ပေးနိုင်ပါစေ။
တကယ်လို့ ချစ်သူကို အချိန်မပေးနိုင်တဲ့ အကြောင်းပြချက်နဲ့ လျစ်လျူရှု့ထားမိရင်တော့ သူ့အနေနဲ့ ပထမဆုံး ၀မ်းနည်းခံစားရမှာပါ။
လျစ်လျုရှု့တာ များလာရင် သူ့အနေနဲ့ ၀မ်းနည်းတာတွေက ဒေါသအဖြစ် ပြောင်းလဲပြီး သင့်ကို စိတ်ကုန်သွားပါလိမ့်မယ်။


Credit: Original up-loader

No comments:

Post a Comment