Thursday, July 16, 2015

"သင့်ချစ်သူကောင်မလေး ပိုင်ဆိုင်ထားတဲ့ ၀က်ဝံရုပ်လေးတွေကို ကြည့်ပြီး သူမ ဘယ်လိုလူမျိုးလဲဆိုတာ သိနိုင်"


"သင့်ချစ်သူကောင်မလေး ပိုင်ဆိုင်ထားတဲ့ ၀က်ဝံရုပ်လေးတွေကို ကြည့်ပြီး သူမ ဘယ်လိုလူမျိုးလဲဆိုတာ သိနိုင်"

ကိုယ့်ချစ်သူကောင်မလေး ပိုင်ဆိုင်ထားတဲ့ ၀က်ဝံရုပ်တွေက သူမ ဘယ်လိုလူမျိုးလဲဆိုတာ ပြောပြနိုင်ပါတယ်။ ကဲ အမျိုးသားတွေအနေနဲ့ နောက်တစ်ခါ ကောင်မလေးအိမ် အလည်သွားရင် သူမလက်ထဲက ၀က်ဝံရုပ်၊ ဒါမှမဟုတ် သူမ အခန်းထဲက ၀က်ဝံရုပ်ကိုသေချာကြည့်ပြီး ဒိတ်လုပ်တဲ့အခါ သူမ ဘယ်လိုအကျင့်လေးတွေ ရှိတယ်ဆိုတာတောင် သင် ခန့်မှန်းနိုင်ပါပြီ။ ကဲ အရုပ်လေးတွေကို ကြည့်ပြီး ပြောပြရရင်တော့

၁။ဟိုးအရင်ကတည်းက ပေါ်တဲ့ ဂန္တ၀င်ဆန်ဆန် ၀က်ဝံရုပ်မျိုး ပိုင်ဆိုင်ထားတဲ့ မိန်းကလေး

ဒီလို ကောင်မလေးမျိုးကတော့ လက်တွေ့ကျတဲ့ အတွေးအခေါ်ရှိပေမယ့် အရင်တုန်းက ဖက်ရှင်ဒီဇိုင်းမျိုးတွေကိုသာ ၀တ်ဆင်ရတာ ပိုနှစ်သက်ပါလိမ့်မယ်။ အပြင်တွေလျှောက်သွား၊ လျှောက်လည်နေရတာမျိုးလည်း သဘောတွေ့မှာ မဟုတ်ပါဘူး။ သင့်မိဘ သဘောကျမယ့် မိန်းကလေးမျိုးပေါ့။

၂။ခုနောက်ပိုင်းပေါ်လာတဲ့ ၀က်ဝံရုပ်မှာမှာ အဆင်တန်ဆာတွေ၊ အ၀တ်အစားတွေနဲ့ ဆင်မြန်းထားတာမျိုး ပိုင်ဆိုင်တဲ့ မိန်းကလေး

ဒီလိုမိန်းကလေးမျိုးကတော့ သူတို့သဘောကျတဲ့ အရာတွေအတွက် ဘယ်တော့မှ ရှက်နေမယ့်သူ မဟုတ်ပါဘူး။ သူရဲ့ချစ်သူကလည်း သူမအတွက် ရှက်နေလို့ရတဲ့ လူစားမျိုး ဖြစ်နေလို့မရပါဘူး။ တစ်ခါတစ်လေ အသက်ငယ်တဲ့ ချစ်သူကောင်မလေးမျိုးကို ပိုင်ဆိုင်ထားတဲ့ အကိုကြီးတွေလို ချွဲတာမျိုး နွဲ့တာမျိုး ရှိနိုင်ပေမယ့် သူဖြစ်ချင်တာကိုတော့ ဖြစ်အောင်လုပ်တတ်ကြတဲ့ ပုံစံမျိုးတွေပါ။

၃။ငယ်ငယ်ကတည်းက ပေါ်ဖူးတဲ့ အရုပ်ဒီဇိုင်းလေးတွေ ပိုင်ဆိုင်ထားတဲ့ မိန်းကလေး

ကလေးဘ၀ကတည်းက ပေါ်ဖူးတဲ့ အရုပ်တွေကို သိမ်းဆဲထားတဲ့ မိန်းကလေးမျိုးဆိုရင်တော့ သူဟာ စိတ်သဘောထား သိမ်မွေ့သလို အေးဆေး နေတတ်တဲ့သူပါ။ သူက အရုပ်တွေသာမက သူမကြိုက်နှစ်သက်တဲ့အရာ သေးသေးလးတွေကအစ သိမ်းထားတတ်တဲ့သူဆိုရင်လည်း မမှားပါဘူး။ နောက်တစ်ချက်ကတော့ သူမဟာ အရင်တုန်းက ပြတ်သွားတဲ့ ရည်းစားဟောင်းတွေနဲ့ ရှိခဲ့ဖူးတဲ့ ရိုမန်တစ်အချိန်လေးတွေကိုတောင် အမှတ်တရ ရှိနေတတ်ပါတယ်။

၎။Unicorn လို ဒဏ္ဍာရီလာမြင်း၊ ထူးဆန်းတဲ့သတ္တ၀ါ အရုပ်မျိုးလေးတွေ ပိုင်ဆိုင်ထားတဲ့ မိန်းကလေး

ဒီလိုမိန်းကလေးမျိုးဟာ မိန်းကလေးဆန်တဲ့ပုံစံလေး ဖြစ်ပေမယ့် ဒါကိုအမြဲ သိသာအောင်နေပြမှာတော့ မဟုတ်ပါဘူး။ သင်တို့နှစ်ယောက်ကြား တကယ်အဆင်ပြေနေပြီဆိုရင်တော့ သူမဟာ သင့်ကို ချစ်စနိုးနာမည်လေးတွေပေးပြီး ခေါ်နေတတ်သလို လွမ်းတဲ့အကြောင်းလည်း တစ်နေ့လုံးနီးပါး message ပို့နေပါလိမ့်မယ်။ အရမ်းလည်း ကြောက်မသွားပါနဲ့ဦး။ Hello Kitty ကြိုက်တဲ့ ကောင်မလေးတွေလည်း ဒီပုံစံလေးတွေပါပဲ။

၅။သူမအိပ်ယာတစ်ခုလုံး အရုပ်တွေနဲ့ ပြည့်နေမယ်ဆိုရင်

သူမဟာ စိတ်ကူးယဉ်ရတာ သဘောကျပြီး တိတ်တခိုးသဘောကျ အားကျနေရတဲ့ အခြားမိန်းကလေးတစ်ယောက်လည်း ရှိနေနိုင်ပါတယ်။ ဆိုလိုတာက အဲ့ဒီမိန်းကလေးအကြိုက်တွေကိုပါ သူမက သဘောကျ အတုခိုးနေတာမျိုးပါ။ နောက်တစ်ခုကတော့ သူမဟာ ၂၄နာရီ အလုပ်ရှုပ်နေတတ်သူတစ်ယောက် မဟုတ်ဘူးဆိုတာပါပဲ။ အိမ်မှာနေရင်နေ၊ အလုပ်လုပ်ရင်လည်း အေးဆေးပြီး သာသာယာယာလုပ်ရတဲ့ အလုပ်မျိုးကို ပိုင်ဆိုင်ထားသူဖြစ်ဖို့ များပါတယ်။

၆။တိရိစ္ဆာန်ရုပ်လေးတွေ မဟုတ်ပဲ အရုပ်မတွေကို ပိုင်ဆိုင်သူဆိုရင်

ဒီလို အရုပ်မလေးတွေဟာ ဈေးကြီးပါတယ်။ လှတာလည်းတကယ်ပါပဲ။ ဒါပေမယ့် ဒီလိုအရုပ်တွေချည်း သပ်သပ် စုဆောင်းနေတယ်ဆိုရင် ဒါ အူကြောင်ကြောင် မဟုတ်ဘူးလို့တော့ ငြင်းလို့မရပြန်ပါဘူး။ ကိုယ်အိပ်နေတုန်း မျက်လုံးဖွင့်ထားတဲ့ အရုပ်တွေ အများကြီးနဲ့ အတူရှိနေတဲ့အသိက မရိုးစင်းပါဘူး။ ဒီလိုကောင်မလေးနဲ့ ဒိတ်မယ်ဆိုရင်တော့ အမြဲတမ်းအရစ်ခံ၊ အကြည့်ခံနေရဖို့ များပါတယ်။

၇။ဘာအရုပ်မှ မပိုင်ဆိုင်တဲ့ မိန်းကလေးဆိုရင်

သူမဟာ လက်တွေ့ကျကျပဲ နေတယ်။ ချိန်းတွေ့ရင်တောင် တစ်ခုခု ပိုက်ဆံရှင်းရမယ့် ကိစ္စရှိလာရင် သူတစ်ဝက် ကိုယ်တစ်ဝက် ကိုယ်စားတာ ကိုယ်ရှင်း သဘောမျိုးကို လုပ်ဆောင်တတ်တယ်။ စာအုပ်တွေ ၀ယ်ချင်ဝယ်နေလိမ့်မယ်။ handmade တွေ လုပ်ရတာ ၀ါသနာပါလိမ့်မယ်။


ဟန်နီ

Credit: Trend Myanmar

No comments:

Post a Comment