Tuesday, July 7, 2015

"တစ်မိနစ်အတွင်း အင်တာနက်သုံးစွဲမှု အချက်အလက်များ"


"တစ်မိနစ်အတွင်း အင်တာနက်သုံးစွဲမှု အချက်အလက်များ"

အင်တာနက်ဟာ ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဘဝတွေမှာ မရှိမဖြစ် အရာဖြစ်လာခဲ့တာ အချိန်အတော်ကြာပြီဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း၊ နာရီ၊ မိနစ်တိုင်း ကမ္ဘာတဝှမ်းက လူတွေဟာ အင်တာနက်ကို စက္ကန့်မလပ် သုံးစွဲနေကြပါတယ်။

စက္ကန့်နဲ့အမျှ သန်းပေါင်းများစွာသော သုံးစွဲသူတွေရှိတဲ့ အင်တာနက် ကွန်ယက်ကြီးဟာ စက္ကန့်ခြောက်ဆယ် (တစ်မိနစ်) ပြည့်တိုင်း ဘယ်လောက်အတိုင်းအတာထိ အလုပ်လုပ်နေရတယ်ဆိုတာ သင် သတိထားမိပါသလား။ လေ့လာချက်တွေအရတော့ တစ်နှစ်ထက်တစ်နှစ် အင်တာနက်ပေါ်မှာ အချိန်နဲ့အမျှ သုံးစွဲမှုတွေဟာ တိုးလာနေပါတယ်။ သုံးစွဲသူ သန်းပေါင်းများစွာရှိတဲ့ Facebook ဆိုရင် တစ်မိနစ်ကို ပို့စ်ပေါင်း ၃.၃ သန်း တင်လေ့ရှိတယ်လို့ ၂၀၁၄ ခုနှစ် တွက်ချက်မှုအရ သိထားပါတယ်။ ဗီဒီယိုဖိုင်တွေ ကြည့်လို့ရတဲ့ youtube ဆိုရင် တစ်မိနစ်တိုင်းမှာ နာရီပေါင်း ၁၂၀ စာ ဗီဒီယိုဖိုင်တွေ တင်လေ့ရှိကြပါတယ်။ ကမ္ဘာနဲ့အဝှမ်း အပြန်အလှန်ပို့နေကြတဲ့ အီးမေးလ်ပေါင်းကတော့ တစ်မိနစ်တိုင်းကို ၂၀၄ သန်းလောက် ရှိပါတယ်။ အင်တာနက် ဝန်ဆောင်မှုတွေထဲမှာ အီးမေးလ်ကို လူတွေ သုံးစွဲမှု အများဆုံးလို့ ဆိုနိုင်ပါတယ်။ ၂၀၁၂၊ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်တွေကို လေ့လာခဲ့ကြတဲ့အခါမှာ နှစ်စဉ်နှစ်တိုင်း အင်တာနက်ဝန်ဆောင်မှုတွေကို သုံးစွဲသူဦးရေဟာ အမြဲတမ်းတိုးပွားလာနေတာ တွေ့ရပါတယ်။

နာမည်ကြီး Web Search Engine ဖြစ်တဲ့ Google မှာဆိုရင် တစ်မိနစ်တိုင်းကို ရှာဖွေမှု ၄ သန်းလောက်ရှိနေတက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲသူတွေ နေ့စဉ်အသုံးပြုနေတဲ့ Google၊ Facebook၊ twitter၊ e-mail စတာတွေဟာ နေ့စဉ် အချက်အလက်ပေါင်း ဘီလျံနဲ့ချီပြီး အလုပ်လုပ်နေကြရတာ ဖြစ်ပါတယ်။

Ref - vtc.edu.hk

Credit: Planet

No comments:

Post a Comment