Friday, July 10, 2015
"ပျော်ရွှင်စွာ နေထိုင်ဖို့အတွက် လျှို့ဝှက်ချက်" (သူတပါးကို ကူညီပါ)
"ပျော်ရွှင်စွာ နေထိုင်ဖို့အတွက် လျှို့ဝှက်ချက်"
(သူတပါးကို ကူညီပါ)
ပုထုဇဉ်လူသားတိုင်း စိတ်ချမ်းသာပျော်ရွှင်မှုကို မတောင့်တတဲ့သူရယ်လို့ မရှိလောက်ပါဘူး။ စိတ်ချမ်းသာအောင် ဘယ်လိုနေရမလဲဆိုတာ ဘာသာတရား လမ်းညွှန်ချက်တွေထဲမှာလည်း ရှိသလို ပေါင်းသင်းဆက်ဆံရေး ဗျူဟာတွေထဲမှာလည်း တွေ့နိုင်ပါတယ်။
လူတွေလွယ်လွယ်နဲ့ ပျော်ရွှင်စိတ်ချမ်းမြေ့အောင် ဘယ်လိုနေမလဲဆိုတာကို သိပ္ပံနည်းက စစ်တမ်းပြုစုခဲ့ပြီးတဲ့နောက် အဖြေက လွယ်လွယ်လေး ဖြစ်နေတာတွေ့ရပါတယ်။ British Columbia တက္ကသိုလ်က စိတ်ပညာပါမောက္ခ လင်း ဦးဆောင်ပြီးလုပ်တဲ့ သုတေသနက စိတ်ချမ်းသာမှုကို လွယ်လွယ် ဘယ်လိုတွေ့နိုင်မလဲဆိုတာ ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ အများအားဖြင့်တော့ သူတပါးကို ချစ်ခင်ကြင်နာ သနားစိတ်မျိုး ကိန်းအောင်းနေတဲ့သူမျိုးဟာ စိတ်ချမ်းသာမှုကို လွယ်လွယ်နဲ့ တွေ့နိုင်သူတွေ ဖြစ်ပါတယ်။ သုတေသနက ထွက်လာတဲ့ရလဒ်အရတော့ သူတပါးရဲ့ကိစ္စတွေကို ပါဝင် ကူညီပေးလိုက်ခြင်းအားဖြင့် ကိုယ်ကိုတိုင် ဝမ်းသာကြည်နူးမှုမျိုး ဖြစ်လာစေတက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကိုယ်ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ အလွယ်ကူဆုံးနည်းလမ်းဟာ တက်နိုင်သမျှ သူတပါးရဲ့အရေးကို ကူညီပေးဖို့ပဲ ဖြစ်တယ်လို့ ပါမောက္ခလင်းက ကောက်ချက်ချထားပါတယ်။
သူတပါးပျော်တာကို မြင်ရတဲ့အခါ ပျော်ရွှင်မှုဟာ ကိုယ့်ဆီလည်း ချက်ခြင်းကူးစက်လာတယ်လို့ ဆိုပါတယ်။ ဒီသုတေသနဟာ လူမှုဝန်းကျင်မှာ စိတ်ဖိစီးမှုများတဲ့ လူပေါင်း တစ်ရာကျော်နဲ့ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
Ref - abcnews
Credit: Planet
Labels:
ဗဟုသုတ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment