Sunday, July 19, 2015

"သားနဲ့ မွေးနေ့ပွဲတစ်ရက်တည်း အတူလုပ်မယ့် သက်မွန်မြင့်"


"သားနဲ့ မွေးနေ့ပွဲတစ်ရက်တည်း အတူလုပ်မယ့် သက်မွန်မြင့်"

သားဖြစ်သူ၏ ရက်တစ်ရာပြည့်နှင့် ၎င်း၏မွေးနေ့ တစ်ရက်သာကွာသောကြောင့် မွေးနေ့နှစ်ခုပေါင်း၍ အလှူတစ်ခုပြုလုပ်မည်ဖြစ်ကြောင်း သက်မွန်မြင့်က ပြောသည်။

‘‘ဒီနှစ်က မှတ်မှတ်ရရ သားလေးရက်တစ်ရာပြည့်နဲ့ ကိုယ့်မွေးနေ့နဲ့ တစ်ရက်ပဲကွာတာဆိုတော့ မွေးနေ့ရော၊ သားလေးရက်တစ်ရာပြည့်ရော ပေါင်းပြီး လုပ်ဖို့စီစဉ်ထားပါတယ်။ ၀ါတွင်းဆိုတော့ ၀ါဆိုသင်္ကန်းကပ်ဖို့ စီစဉ်ထားပါတယ်’’ ဟု သက်မွန်မြင့်က ပြောသည်။

သားဖြစ်သူကို အိမ်နာမည်အနေဖြင့် ‘‘အားချစ်’’ ဟု ခေါ်ပြီး ရက်တစ်ရာပြည့်မွေးနေ့တွင် သားဖြစ်သူ၏ နာမည်ပေးကင်ပွန်းတပ်ပွဲပါ ပြုလုပ်မည်ဟု ၎င်းက ဆိုသည်။ သက်မွန်မြင့်၏ သားဖြစ်သူသည် ဇူလိုင် ၂၂ ရက်တွင် ရက်တစ်ရာပြည့်မည်ဖြစ်ပြီး သက်မွန်မြင့်၏ မွေးနေ့သည် ဇူလိုင် ၂၃ ရက်ဖြစ်သည်။

အနုပညာလှုပ်ရှားမှုအနေဖြင့် ဇူလိုင်လကုန်တွင် ဇာတ်ကားများ ပြန်လည်ရိုက်ကူးမည်ဖြစ်ပြီး နေတိုးနှင့် ရိုက်ကူးမည်ဖြစ်ကြောင်း သက်မွန်မြင့်ကပြောသည်။

ဇွဲဉာဏ်

Credit: 7day daily

No comments:

Post a Comment