Thursday, July 9, 2015

"Facebook သုံးတဲ့အခါ လူသိရှင်ကြား ပို့စ် မလုပ်သင့်တဲ့ အရာများ"


"Facebook သုံးတဲ့အခါ လူသိရှင်ကြား ပို့စ် မလုပ်သင့်တဲ့ အရာများ"

Facebook ဟာ ခုဆိုရင် လူမှုကွန်ယက်တွေရဲ့ အင်ဂျင်စက်ကြီး ( the Google) တစ်ခု ဖြစ်လာနေပါပြီ။ ကျွနိုပ်တို့ရဲ့ ကိုယ်ရေးအသေးစိတ် အချက်အလက်တွေကို မှန်မှန်ကန်ကန် ထည့်သွင်းပေးနေသရွေ့ လုံခြုံစိတ်ချရတယ်၊ ကိုယ့်သူငယ်ချင်း အချင်းချင်း ဆက်သွယ်ရာမှာ အဆင်ပြေတယ်လို့ ထင်တတ်ကြတယ်။ ပြဿနာက ကျွန်ုပ်တို့ရဲ့ သတင်းအချက်အလက်တွေကို ဘယ်သူတွေ ၀င်ရောက်ကြည့်ရှုနေကြသလဲဆိုတာ ဘယ်လိုမှ မသိနိုင်ပါဘူး။ သင်နှင့် သင့်မိသားစု ဘေးကင်း လုံခြုံမှုရှိဖို့အတွက် သင့် facebook ပေါ် ထည့်မတင်သင့်တဲ့ အချက်အလက် အချို့ရှိပါတယ်။ Facebook နဲ့ တခြားလူမှုကွန်ယက်တွေပေါ်ကနေ ဖယ်ထုတ်သင့်တာ (သို့) မတင်သင့်တဲ့ အချက်တွေ ရှိပါတယ်။ အဲ့ဒါတွေကတော့ ..

(၁) သင်နဲ့ သင့်မိသားစု မွေးနေ့ အပြည့်အစုံ

ကျွန်ုပ်တို့အားလုံး Facebook စာမျက်နှာပေါ် ကိုယ့်သူငယ်ချင်းတွေဆီက “Happy birthday” ကိုရချင်ကြတယ်။ လူတွေက ကိုယ့်ကို သတိတရ ရှိချင်ကြတယ်၊ ကိုယ့်ရဲ့နေ့ထူးနေ့မြတ်မှာ ဂရုစိုက်ပြီး စာတွေရေးပေးကြတယ် ဆိုတဲ့ အသိကို ရင်ထဲ ခံစားရရှိစေပါတယ်။ ပြဿနာက သင် မွေးနေ့မွေးရက်တွေကို ဖော်ပြလိုက်တဲ့အချိန်မှာ ကိုယ်ရေးအချက်အလက် ခိုးယူရရှိနိုင်အောင် တစ်စိတ်တဒေသကို အထောက်အကူ ပေးလိုက်သလို ဖြစ်နေပါတယ်။ နေ့ရက်ကို လုံးဝမထည့်သွင်းတာ အကောင်းဆုံးပဲဖြစ်တယ်။ တကယ်လို့ ထည့်မယ် ဆိုရင်လည်း အနည်းဆုံး ခုနှစ်လောက် ကို ချန်လတ်ထားလိုက်ပါ။ သူငယ်ချင်းစစ်စစ်တွေက သိရင်သိလောက်မှာပါ။

(၂) သင့်ရဲ့ လက်ရှိတည်နေရာ
တစ်ရက် ၂၄ နာရီ အတွင်း သင် ဘယ်နားရောက်နေသလဲဆိုတာ သိရှိစေနိုင်တဲ့ Facebook ပေါ်က (Location tagging feature) တည်နေရာဖော်ပြပေးတဲ့ အချက်အလက်ကို ကြိုက်နှစ်သက်သူတွေ အများအပြားရှိကြတယ်။ အိမ်မှာမရှိဘူး၊ အပန်းဖြေခရီးသွားနေတယ်လို့ ပြောလိုက် location feature ထည့်ထားတယ်ဆိုရင် ခရီးမိုင်ဘယ်လောက်ဝေးတယ်ဆိုတာ သိသွားပြီး သင့်အိမ် ဖောက်ထွင်းခံရနိုင်ပါတယ်။ ကိုယ်ရှိတဲ့နေရာကို ဘယ်တော့မှမပြောပါနဲ့။ ခရီးသွားနေတဲ့အချိန် ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း တင်ချင်ရင် အိမ်ရောက်ပြီးမှ တင်ပါ။

(၃) ကလေးတွေသာ အိမ်မှာရှိနေကြောင်း သိစေတဲ့အချက်

မိဘတွေက ကလေးတွေသာ အိမ်မှာ ရှိနေကြောင်း သိစေတဲ့ အချက်အလက်တွေကို မထည့်သွင်းမိဖို့ အရေးကြီးပါတယ်။ ကိုယ့်သူငယ်ချင်း အချင်းချင်းကသာ ကိုယ့် status ကို ၀င်ကြည့်နိုင်မယ်လို့ ထင်ကောင်း ထင်မိပါလိမ့်မယ်။ ကိုယ့် account ထဲကို ဘယ်သူဝင်ကြည့်နေလဲဆိုတာ မသိနိုင်ပါဘူး။

(၄) နာမည်ဖော်ပြထားတဲ့ ကလေးတွေရဲ့ ဓာတ်ပုံများ

ကျွန်ုပ်တို့ ကလေးတွေကို ချစ်တာ ဟုတ်ပါတယ်။ သူတို့အတွက်ဆိုရင် ဘာမဆို လုပ်ပေးကြတယ်။ လူအများစုက ကလေးတွေရဲ့ဓာတ်ပုံတွေကို နာမည်နဲ့တကွ (သို့) ဗီဒီယိုဖိုင်တွေကို facebook ပေါ် တင်သင့်မတင်သင့် တချက်မှတောင် မစဉ်းစားကြဘဲ ချက်ချင်း ကောက်တင်လိုက်ကြတာပါပဲ။ မိဘ ၁၀ ဦးမှာ တစ်ဦးက သူတို့ကလေးတွေရဲ့ မွေးနေ့၊ မွေးတဲ့အချိန်ကအစ အတိအကျဖော်ပြထားတယ်။ သူတို့ ညီအစ်ကိုမောင်နှမနှင့် ဆွေမျိုးတွေရဲ့ ပုံတွေပါ တင်ကြတယ်။ အဲဒီလိုအချက်အလက်မျိုးတွေကို ကိုယ့်ကို အနောက်ယှက်ပေးချင်တဲ့သူတွေကနေ အသုံးပြုခံရနိုင်ပါတယ်။


ပေါ်ထွန်း

Credit: Trend Myanmar

No comments:

Post a Comment