Thursday, July 9, 2015

"ဘန်းလမွတ်ကျေးရွာမှ ထူးခြားသည့် ဘိုဖြူမလေး"


"ဘန်းလမွတ်ကျေးရွာမှ ထူးခြားသည့် ဘိုဖြူမလေး"

တနင်္သာရီ ဇူလိုင် ၉

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ဘန်းလမွတ် ကျေးရွာအုပ်စု-ဘန်းလမွတ်ရွာ၌ ဥယျာဉ်/တောင်ယာလုပ်ငန်း လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြု နေထိုင်သော ဦးမင်းယုနှင့် ဒေါ်အိအိဖြူတို့၏ တတိယမြောက် ကလေးဖြစ်သူ မဒီယူထက်သည် ဆံပင်အဖြူရောင်၊ ခန္ဓာကိုယ်တစ်ခုလုံး ပန်းနုရောင်သန်းပြီး မျက်လုံးအပြာရောင် (နေအလင်းရောင်လုံးဝမခံနိုင်) သူကို ဘန်းလမွတ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန ဘက်စုံသားဖွားဆရာမ ဒေါ်အေးအေးမြင့်က ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က အောင်မြင်စွာ မွေးဖွားပေးခဲ့ခြင်း ဖြစ်သည်။

မွေးဖွားစဉ်အခါက သာမန်ဟုသာ ထင်မြင်ယူဆမိခဲ့သည်။ သို့သော်လည်း အရွယ်လေးနည်းနည်းရလာသောအခါ ထူးထူးခြားခြား မြန်မာနိုင်ငံသားများနှင့် အသားအရောင်မတူဘဲ အပြုအမူကအစ ပြောင်းလဲနေသည်။ မိဘနှစ်ဦးက သမီးဖြစ်သူ မဒီယူထက်သည် မည်သည့်နိုင်ငံသားက ဝင်စားသည်ဆိုသည်ကို စကားပြောတတ်သည့် အရွယ်ရောက်၍ ပြန်ပြောပြမှ သိနိုင်လိမ့်မည်ဟု ထင်ကြောင်း ဆိုသည်။

လက်ရှိ စကားပြောသင်ရာတွင် ကျဲကျဲကျဲဟု အဆက်မပြတ် ပြောလေ့ရှိကြောင်း၊ ၄င်းအပြင် မိခင်ဖြစ်သူ ဒေါ်အိအိဖြူမှ ထိုကလေးနှင့် ပတ်သက်၍ ထူးခြားမှုများ ရှိသည်ဟု ပြောပြသည်။
အဆိုပါ မဒီယူထက်ကို ဒေသခံများနှင့် မမျှော်လင့်ဘဲ တွေ့ဆုံသူ အားလုံးက စိတ်ဝင်စားလျက်ရှိကြသည်။

သတင်းနှင့်ဓာတ်ပုံ-နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)

The Mirror Daily

No comments:

Post a Comment